http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, July 28, 2011

ကျွန်မ ကြိုက်၏.....မကြိုက်၏ ( White Angel Tag Post )

http://innovationsfall10mondaywednesday.wikispaces.com/file/view/write-letter.gif/173962517/write-letter.gif

ယခုရေးတဲ့ တဂ်ပို့စ်လေးက Angelhlaing ရဲ့ ဒုတိယမြောက် တဂ်ပို့စ်လေးပါ။ ဘလော့မောင်နှမတွေ တစ်ဦးနဲ့ တစ်ဦး တင်္ဂလုပ်ပြီး ခေါင်းစဉ်တူလေးတွေ ဖန်တီးပြီး ရေးစေတာကလည်း တစ်မျိုးလေး၊ ချစ်စရာ ကြည်နုးစရာလေးပါပဲ။ နွေးထွေးတဲ့ မောင်နှမတွေရဲ့ ခံစား မှုတွေနဲ့ စိတ်ကြည်နူးမှုလေးတွေ ဖြစ်စေရပါတယ်။ ဒီတဂ်ပို့စ်လေး ရေးဖြစ်အောင် တင်္ဂလုပ်ပေးတဲ့ မမ အဖြူရောင် နတ်သမီးကို ဒီနေရာလေးကနေ ကျေးဇူးပါလို့ ပြောပရစေ မမရေ။


ကိုယ်ခန္ဒာ....

အရပ်၅ပေ၊ ၆လက္မရှိတဲ့ အတွက် တော်ရုံသာမန် မိန်းခလေးတွေနဲ့ ယှဉ်မယ်ဆိုရင် နည်းနည်း အကောင်ကြိးတယ်လို့ ပြောလို့ရတာ ပေါ့နော်။ ရန်ကုန်က လာစတုန်းကတော့ ပေါင်(၁၂၅)နဲ့ သူဟာသူ အဆင်ပြေပြေ လေးပါပဲ။ ခုတော့ နည်းနည်း ဝိတ်တက်လာလို့ ဟဲဟဲ..မနည်း ဝိတ်လျှော့နေရတယ်။ ဝိတ်လျှော့တယ် ဆိုပေမယ့်လည်း သူများတွေလို အားကစား ဘာညာ ဘာမှမလုပ်ပါဘူး။ အစားလျှော့စားတာ လောက်ပါပဲ။ ပျင်းတာကို ကြုံတုန်း ရှင်းပြတာ..:P ။ ချစ်သူကတော့ နည်းနည်းမဟုတ်ဘူး တော်တော် ဝလာမှာ ကြောက်ပါတယ်တဲ့ ..:) မမရေ (အဖြူရောင် နတ်သမီး) မမပြောသလို လျှော့မှ ဖြစ်မယ် ထင်တယ်။ ခုထဲက သူက ငြိုငြင်ချင်နေတာ..:(

မျက်နှာအပြင်ဆင်အနေနဲ့ ပြောရရင် မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ မသုံးတက်ပါဘူး၊ ပွဲလမ်းသဘင်တွေ သွားမှသာ တခါတရံ လိမ်းဖြစ်တယ်။ ပုံမှန်လေးကတော့ မျက်နှာသစ်ဆေး လေးသုံးပြိး အသားအေးတဲ့ Cream တစ်ခုခုလိမ်း ထားလိုက်ရင်ပဲ တော်တော်လေး အဆင်ပြေနေပြီ။ နှုတ်ခမ်းနီ ဆိုးတဲ့နေဆို အလှကြိုက်တဲ့ ကလေးမလေး တစ်ယောက် နှုတ်ခမ်းနီ ပျက်သွားမှာ ဆိုးလို့ စကားမပြောသလိုပဲ ..:P နေလို့ ထိုင်လို့ မကောင်းပါ။ တော်တော် ကုသိုလ်ထူးလို့ ဖြစ်မယ် မျက်နှာမှာ ဝက်ခြံတွေ ဘဲခြံတွေလဲ (ကိုမျိုးပြောသလိုပဲ) မရှိဘူးလေ။

ဘယ်တော့မှ ကျောလည်လောက်က မဆင်းတဲ့ ဆံပင်တွေက တစ်ခါတစ်လေလဲ ဂုတ်ကျော်ကျော်နဲ့ ကျောလည်လောက်မှာပဲ ပုံစံ အမျိုးမျိုးနဲ့ ရှိနေတက်တယ်။ သူများတွေလို တင်ပါးထိဖုံးနေတဲ့ ဆံပင်မျိုး တွေ့ရင် အမြဲအားကျပေမယ့် ကိုယ်က အဲလောက် ပါရမီ မပါတော့ ရှိတာလေးနဲ့ လှအောင် ကြိုးစားနေရတာပေါ့နော်။ဆံပင် တိုကပ်ကပ်ဆိုရင်လဲ ကိုယ့်အရပ်မောင်းနဲ့ ဘယ်လိုမှ အဆင်ပြေမယ် မထင်လို့လေ။ ခြေသည်း အရှည်မထား သော်လည်း လက်သည်းကိုတော့ ရှိတယ်ဆိုရုံလေး သိပ်မရှည်အောင် ထားလေ့ရှိတယ်။ လက်သည်းနီဆိုးတာ မကြိုက်ပဲ ဒီအတိုင်းလေ လက်သည်း ဖြူဖြူလေး ပဲ အရမ်း သဘောကျတယ်။

အပြုအမှု

ခပ်တည်တည်နဲ့ ရုတ်တရက် ကြည့်ရင် မာနကြိးတယ်လို့ ထင်ရပေမယ့် ခင်သွားရင်တော့ စတွေ့စတုန်းက အခုလိုမျိုး မထင်ရဘူးလို့တောင် အပြောခံ ရလောက်အောင် ပျော်တက်၊ နောက်တက် စတက်ပါတယ်။ ကိုယ်ထက် ကြီးတဲ့သူပဲ ဖြစ်ဖြစ်၊ ငယ်တဲ့သူပဲ ဖြစ်ဖြစ် လိုက်လျောညီထွေ ဖြစ်အောင် နေတက်တယ်။ ဆက်ဆံရေး ပြေပြစ်တယ်လို့ ...:P ကြုံတုန်း ကြွားရတာပေါ့နော် :) နောက်မှ အဆင်မပြေရင် လမ်းတွေ့ရင်တောင် ခေါ်ဖို့ဝေး .. ရှောင်သွားတက်တာပဲ ရှိတာ..:D စကားပြောရင် အသံတိုးတယ်လည်း မဟုတ်၊ ကျယ်တယ်လည်းမဟုတ်နဲ့ သဘောကျတဲ့ အခါ၊ ရယ်စရာ တွေ့ရင်တော့ အားရပါးရ ရယ်မောတက်သူ :) သူငယ်ချင်း အပေါင်းသင်း အရမ်းမင်တက်သလို တစ်ခါတစ်လေ တော့လည်း အေးအေးဆေးဆေး နေရတာလေးကို အရမ်းခုံမင်ပါတယ်။ သီချင်းတွေ နားထောင်တာနဲ့ စာတွေရေးနေ ၊ ဖတ်နေရတာ ကို အလွန်အမင်း နှစ်သက်သူ။

အစားအသောက်

ချိုလွန်းသော မည်သည့် သရေစာ မုန့်မျိုးမှ မကြိုက်ပါ။ အစားအသောက် ချေးမများ။ ရှိတာနဲ့ ဖြစ်သလို စားတက်လို့ စားဖြစ်နေတာ တွေက အလွယ်တစ်ကူ အသင့်စားလို့ ရတဲ့ မားမား ချဉ်စပ် ခေါက်ဆွဲခြောက်နဲ့ ရယ်ဒီမိတ် ပီဇာ။ ဟင်းချက်လည်းပျင်း၊ ချက်ရင်လဲ အဖြစ်မရှိတာမို့ ဖြစ်သလိုလေးပဲ အလွယ်စားဖြစ်တယ်။ အစားချင်ဆုံးက မြန်မာ ထမင်းဟင်း၊ ၊ကန်စွန်းရွတ်ကြော်၊ ချဉ်ပေါင်ကြော်၊ မုန့်ဟင်းခါး၊ လ္ဘက်သုတ်။ မစားရတာလဲ ကြာပေါ့ :( ခုတောင် ပြောရင်း စားချင်တယ်.:P မိုးတွေ အရမ်းသဲတဲ့နေတွေဆို အိမ်ထဲမှာ စောင်ခြုံပြီး ကော်ဖီခါးခါး တစ်ခွက်နဲ့ နှပ်နေရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ပါ :D ကော်ဖီဆို ခါးဆိမ့်နေတဲ့ ကော်ဖီခါးခါး ၊ လက်္ဘရည်ဆိုရင်လဲ ကျစိမ့်လောက်မှ အဆင်ပြေသလိုလို ..:) ပဲဆို မည်သည့် ပဲမှ မကြိုက်ပါ။

အဝတ်အစား

ကိုယ်တိုင် စိတ်ကြိုက် ဝယ်ဝတ်ရတာမျိုး အရမ်းသဘောကျတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပုံစံမျိုး နှစ်သက်တယ်။ ကိုယ်နဲ့ လိုက်ဖက်မဲ့ ဒီဇိုင်း အမျိုးမျိုး ဝတ်ရတာ နှစ်သက်တယ်။ ကိုယ်ကိုတိုင်လဲ သပ်သပ်ရပ်ရပ် စတိုင်ကျကျ ဝတ်တက်သလို သူများဝတ်ထားရင်လည်း မျက်စိတစ်ဆုံး ငေးမော သဘောကျတက်ပါတယ်။ ခတ်နဲ့အညီ လိုက်လျောညီထွေ ဝတ်စားရတာကို နှစ်သက်တယ်။ ဖိနပ် ဒီဇိုင်း လှလှလေးတွေ၊ အိတ်လှလှလေးတွေဆို အရမ်း ခရေစီ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အိတ်တွေ လွယ်စရာ များနေလဲ ဒီဇိုင်းဆန်းလို့ နှစ်သက်မိရင်တော့ ဝယ်ပြိးသားပဲ :)

ကဲ ရေးလို့ပြီးပြီနော် ..မမ( နတ်သမီးလေး) :):)

ဘလော့လောကထဲက စာရေးဖော်မောင်နှမတွေ အားလုံး အပြင်မှာ လူချင်း ဆုံးဖူးကြုံဖူးချင်မှ ကြုံဖူးကြလိမ့်မှာ မသေချာသော်လည်း ဘလော့ စာတွေေ၇းနေရင်းကပဲ မောင်နှမတစ်တွေလို ကူညီသူ၊ အားပေးသူ၊ ဖေးမသူ၊ စနောက်ပျော်ပါးကြနဲ့ တစ်ကယ်ကို ပျော်စရာ အတိပါပဲ။ ဘယ်လောက်ပဲ အလုပ်တွေ၊ စာတွေနဲ့ များများ လူကိုယ်တိုင် မရောက်ဖြစ်ပေမယ့် စိတ်တော့ ရောက်နေကြမှာကို ဘလော့ရေးသူတစ်ယောက်မို့ ခံစားလို့ ရပါတယ်။ ကိုယ်တိုင်လဲ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပေမယ့် အားတာနဲ့ အချိန်တိုင်း ဘလော့ထဲ လည်ရတာကိုပဲ ကျေနပ်နေသူဆိုတော့ ဆက်ပြီး တဂ်လုပ်လိုက်မယ်နော်။ အဆင်ပြေလို့ အားရင် ရေးပေးကြပါအုံးလို့...။

၁။ မမ Jasmine
၂။ မောင် (စွယ်စုံကျမ်း)
၃။ ခင်မောင်ချင်း (ချင်းကလေး)
၎။ အလင်းသစ်
၅။ မောင်လေး နေဇော်လင်း
၆။ ပညတ်
ရ။ အကို( ဟန်ကြည် ( အတွေးစလေးတွေ)

30 comments:

ညီမရေ...
တက်ဂ်ပို့စ်ကို တစ်ခါမှတော့ မရေးဖူးဘူးဗျ...အဲဒီပို့စ်တွေရဲ့ သဘာဝက ကိုယ့်ပေါင်ကို လှန်ထောင်းရသလိုဆိုတော့ နည်းနည်းကြောက်တာလည်း ပါလိမ့်မယ် ထင်ပါရဲ့...အခုတလောမှာ သူများတွေ ထောင်းနေကြတာ တွေ့တော့လည်း ရဲစိတ်ရဲမာန်လေးသွင်းပြီးတော့ ထောင်းကြည့်ဖို့ ကြိုးစားပါဦးမယ်...

အင်း...မလှတာတွေတော့ ရွာလည်ပြီး ပြရဦးတော့မှာပေါ့ဗျား...

မမအိန်ဂျယ်နဲ့  အပြုအမူ၊ အဝတ်အစား တူတယ်။

စိတ်အလွန်ကောက်တတ်ပါသည် ဆိုတာလေး ထပ်ဖြည့်ပေးသွားတယ်။။ ကျန်နေခဲ့လို့....:P:P:P။။။။

အဲဒါက Top Secret..လေ :) သူများတွေ သိလို့ ဘယ်ဖြစ်မလဲ နော်..:D

ညီမအရပ်က သူကြီးမင်းထက် ဆံတစ်ထောက်လောက် ပိုရှည်တယ်။ ဒါဆိုရင်တော့ အ၀တ်အစားဖိုး ပိုကုန်လိမ့်မယ်ထင်တယ်။

"သတိရလိုက်တာ.. အမြင့်ရယ်။ ဟိုအရင်တုန်းက အတူစား အတူသွား အတူပျော်ခဲ့တာလေးတွေကို မေ့များသွားလေရော့သလား အမြင့်ရယ်။ အော် အမြင့် အမြင့် ငါးပေ ခြောက်လက်မ"

ဆိုတဲ့ ဟာသလိုလိုလေးကို သတိရမိသေးတော့၏။း)))

ခင်မင်လျက်

အမအိန်ဂျယ် တို့လိုကြွားစရာရှိတဲ့သူတွေအတွက်
တက်ဂ်ပိုစ်ရေးရတာ အဆင်ပြေတယ်
ကိုယ်တွေများအတွက်က ဆရာ ဦးဟန်ကြည်ပြေားခဲ့သလိုပဲ
ဟဲဟဲ။အလင်းသစ်ပြောသလို စိတ်တော့ သိပ့်မကောက်နဲ့နော် မမရဲ့မောင် ကချစ်ပဲနေလိမ့်မယ်။

ဖတ်သွားပြီ ညီမငယ်လေးရေ...
မမ မတဂ်လိုက်ရတဲ့ ဘလော့ဂ်ကာ အကို မောင်တွေကို ညီမလေးက ဆက်ပြီးတဂ်ပေးတဲ့အတွက်လည်း မမ ကကျေးဇူးပါကွယ်...

ညီမ ရဲ့ တဂ်ပိုစ့် လေးဖတ်သွားတယ် ညီမကြိုက်တာ မကြိုက်တာ လေးတွေ မှတ်သွားတယ်နော်

တက်ဂ်ပို့စ်ဖတ်သွားတယ် Angel ရေ။ အရပ်မြင့်တာ သဘောကျတယ်။ အစားအသောက်မှာ အချိုမကြိုက်တာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် လိုအပ်တဲ့အချိုဓာတ်လောက်တော့ သုံးရမှာပေါ့နော်။
ဘလော့ဂ်ဂါတွေ အခုလို ရင်းနှီးချစ်ခင်ပြီး တစ်ဦးနဲ့တစ်ဦး နွေးနွေးထွေးထွေးရှိကြတာ ကြည်နူးစရာပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နှုတ်ခမ်းနီ၊ မိတ်ကပ်၊ လက်သည်းဆိုးနီ မကြိုက်တဲ့ မိန်းခလေးလည်း ရှိတယ်နော်။ မရှိဘူးထင်နေတာ။ ပြီးတော့ လက်သည်းရှည်ကို မကြိုက်တာ။ အကြိုက်ကတော့ တကယ်ပဲ ဆန်းပြားတယ်နော်။ ဆံရှည်နေရင် ခေါင်းလျှော်ရည် ပိုကုန်ပြီး အချိန်လည်း ပိုကုန်ပါတယ် အိန်ဂျယ်လှိုင်ရေ။ အိမ်ဒရာကြော်ဈင်ဆံပင်လောက်ဆို တော်ပြီပေါ့။ သူ့ပုံမှန်ဆံပင်ကို ပြောတာနော်။ မင်းသမီးဆိုတော့ သူ့အခန်းအလိုက် ဆံပင်ထားရတာကိုး တစ်ခါတစ်ခါ တိုလိုက်၊ တစ်ခါတစ်ခါ ရှည်လိုက်ပဲလေ။ အစားလျှော့တာဆိုတော့ ညစာမစားဘဲ တစ်ခါတည်း ဥပုသ်စောင့်ထားလိုက်ရင် ပြီးရော အိန်ဂျယ်ရေ။ ကုသိုလ်လည်းရ ၀မ်းလည်းဝ မဟုတ်တော့ဘူး။ ၀မ်းလည်းလှ ဖြစ်သွားပြီ။ စာရှည်သွားပီ လှစ်မှ။ ကျန်းမာပျော်ရွှင်ပါစေ အိန်ဂျယ်ရေ...

ဒီလိုဆိုတော့လည်း ညီမအကြောင်း စာဖတ်သူတွေ ပိုသိရတာပေါ့လေ..၊း) ကော်ဖီခါးခါး၊ လက်ဖက်ရည် စိမ့်စိမ့် ကြိုက်တာတွေတော့ တူတယ်ဗျ၊

မအားတာနဲ့နောက်ဆုံးဖြစ်နေပါပြီ
တောင်းပန်ပါတယ်ညီမလေးရေ
တော်ကြာစိတ်ကောက်နေမှာစိုးလို့ပါ..ဟီး
ဆရာဦးဟန်ကြည်ပြောသလိုပဲ
အားတဲ့အခါမှနော်
ကိုယ့်ပေါင်ကို လှန်ထောင်းပေးပါတယ်
အ၀တ်စလေးခံပြီးတော့....နာမှာစိုးလို့ပါ။

နတ်သာမီးတဂ်လို့ တို့လည်းရေးနေတယ်...မကြာမီလာမည် မျှော့....း)

မောင်လည်းရွှေနားတော်သွင်းပါ့မယ်လို့ နော်မမအိန်ဂျယ်
တော်စမ်းပါမမအိန်ဂျယ်ရာ..စိတ်ပေါက်မှ..လိပ်လောက်ပြေးတာကိုများ..ဟွန်း...အမောင်လည်းစိတ်ကောက်တတ်ပ..တဂ်ပေးတဲ့အတွက်ကျေးဇူးနော..ပျော်ရွှင်စွာစတတ်..နောက်တတ်တာလေးတော့တူတယ်..

ဝက်ခြံတွေ ဘဲခြံတွေမရှိဘူးပေါ့လေး)

စိတ်ဝင်တစားဖတ်ပြီး မကြိုက် အကြိုက်ကလေးတွေကို သေချာမှတ်သွားပါတယ်။ ဘလော့ဂ်ရွာမှာ ခင်ရတဲ့ညီမတစ်ယောက်အကြောင်း သိရလို့ ၀မ်းသာပါ၏... :D

အမယ်...လေး..,
ငါ့ ညီမရယ်၊ ရှည်ရှည်ဝေးဝေး သွယ်ဝိုက်
ရေးနေလိုက်တာ..၊ ကိုယ့် ဓါတ်ပုံလေး
ထည့်လိုက်ရင်ပြီးပြီ၊ “ ဂွပ် ”ကနဲ၊
နောက်တစ်ခါ ထည့်တော့ ..။
ဒါ..ဘဲ၊ ဟိုဟာကြက်။

ခင်တဲ့ 
အဖြေးလူ

အကိုရေ ဓါတ်ပုံတင်ဖို့က ခွင့်ပြုချက် တင်ရအုံးမှာမို့...:) တင်ရင်လဲ ခွင့်ပြုချက် ကျ၊မကျ မသေချာဆိုတော့ ..:P (အဖြူလေး)

အိန်ဂျယ်ရဲ့ ပို့စ်လေးကလည်း တစ်မျိုးဖတ်ကောင်းတယ်.။
အစားအသောက်ချေးမများတာတော့ ကောင်းတယ်ဗျ..။
အစားအသောက်ချေးများသူတွေများ သိပ်ဒွတ်ခရောက်တာ
(ကိုယ်တွေ့....:))။

ဖတ်သွားပါတယ် ညီမလေး။

ညီမလေး Angelhlaing ကို ဖတ်ရင်း မျက်လုံးထဲမှာ ပုံဖော်ကြည့်သွားပါတယ်း)

ေ၇းတော့ေ၇းချင်ပါတယ်..ကိုယ့်ကိုယ်ကိုဘာမှန်းကိုမသိလို့မေ၇း၇ဲဘူးဟားဟားဟား

ညလေးရေ.... ညလေးအကြောင်းတော့ နည်းနည်းသိသွားပြီ။ ပျော်စရာကြီးနော.....း)


ခင်မင်လေးစားလျက်

မမက နှုတ်ခမ်းနီ၊ မိတ်ကပ်၊ လက်သည်းဆိုးနီ မကြိုက်ဘူးနော် ... ရိုးရိုးလေးလည်း ကောင်းပါတယ်ဂျာ။ သားမမက လှပြီးသားပါ (
ကြုံတုန်းကြွားထားပေးတာ)ဟိဟိ ...
မမက အချိုမကြိုက်ဘူးနော် ..သားနဲပ ဆန့်ကျင်ဖက် ပဲ ဒါဆို သားက အချိုတွေ အရမ်းစားတာ ..
အခုမှ ရောက်တယ်နော် မမရေ ...သားကို စိတ်မဆိုးပါနဲ့ဂျာ .. ဆိုက်တွေများလို့ ဖိနေတာဗျာ ...
မမရဲ့ တက်ဂ် ကို ရေးပါ့မယ်ဂျာ .. သားကို အချိန်နည်းနည်းတော့ ပေးပါနော်ဂျာ ..
ပန်ပီ မမရေ ... ဖတ်သွားပါတယ်။

မမရဲ့မောင်လေး
သားသား
နေဇော်လင်း

ဟေ တို့ထက်တစ်လက်မ မြင့်နေသေးသားဘဲ
ကိုယ့်လို မြင့်တဲ့သူ ရှိနေတယ်ဆိုတော့ အားမငယ်တော့ပါဘူး
အရပ်ရှည်တော့လည်း မကောင်းတာ ရှိသလို ကောင်းတာလည်း ရှိတာပေါ့နော်
ညီမပိုစ့်လေးဖတ်ပြီး ပုံစံလေးကို ပုံဖော်ကြည့်မိတယ်။
လှတယ်

၇ိုးသားတည်ကြည်သိမ်မွေ့သော
ညီမတစ်ယောက်ရဲ့ ပကတိအနေအထား
များကို သိရှိသွားပါတယ်...။

တဂ်တော့အကုန်သိရသည်..
များများတဂ်ကြပါကုန်လော့..း)

ခင်တဲ့
မဒိုးကန်

ဘလော့က တော်တော်တောင် လူလားမြောက်နေပြီပဲ။ ၀မ်းသာလိုက်တာ ညီမလေးရေ။ ကြိုးစားပါ။

ဟိဟိ အမဆီလည်း ရောက်တွားတာကိုး... ကောင်း၏..
များများရေး များများသိ


ခင်မင်စွာဖြင့်

ဖတ်လို့ကောင်းလို့ ဖတ်သွားတယ်..
တက်ဂ်ပို့စ် ဆိုတာတော့ နားလည်သေးဘူး ညီမလေးရဲ့
တကယ်ပြောတာ :)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More