http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, July 9, 2012

နင်နဲ့ငါနဲ့.....ဒီလိုနဲ့...


" သဒ္ဒါ နင်မရူး သေးပါဘူးနော် "

"ငါက ဘာလို့ရူးရမှာလဲ သော်က အကောင်းကြိးနော်.. နင်သာမေမေ့ကို မီးလောင်ရာလေပင့် စကားတွေ မပြောနဲ့......"

"သဒ္ဒါ အခုနေမှာ နင်ရွေးချယ် တဲ့လမ်းမှားရင် ပြန်ပြင်လို့ မရတာ နင်မသိတာလဲမဟုတ်ဘူးနော်....."

"သိတယ်လေ သိလို့ပဲ ငါတစ်ကယ် ဝါသနာ ပါရာအလုပ်အတွက် ရွေးချယ်ချင်တာလေ သော်ကရဲ့ ....."

"သိရင်လည်း သဒ္ဒါရာ မဟုတ်ကဟုတ်က အရူးလုပ်တွေ လုပ်မနေပါနဲ့......"

"တော်တော် သော်က နင့်လို အနုပညာဆိုတာ နားမလည်တဲ့လူအတွက် ငါ့ရဲ့ရွေးချယ်မှုက ရူးကြောင်ကြောင် ဖြစ်နေပေမယ့် ငါ့အတွက်တော့ ငါလုပ်ချင်တဲ့ အလုပ်ကို သေသေချာချာ ကျွမ်းကျင် နှံစပ်ချင်တယ်။ ဟိုမရောက် ဒီမရောက်လည်း မဖြစ်ချင်ဘူး အဲဒါကို မေမေလည်း နားလည်လို့ ခွင့်ပြုဖို့ သဘောတူပြိးသား။ နင်သာအပိုတွေ လျှောက်ပြောနေတာ....."

"နင်ရထားတဲ့ အမှတ်တွေ ဘယ်လောက်နှမြောဖို့ ကောင်းလဲ သဒ္ဒါ။ လူတိုင်း နင့်လို အူကြောင်ကြောင် အလုပ်တွေ လုပ်မယ့်သူ ငါရှိမယ် လို့မထင်ဘူး။ နင်သာ......"

"ဒီမှာ သော်က နင်ကလေ နင်ဘာသာနင် ရည်ရွယ်ချက် ကြိးကြိးထားပြိး လုပ်ချင်တာလုပ်တာ ငါဘာမှ မပြောဘူးနော်။ နင်ကတော့ ငါ့ကို တော်တော်လေး ဝေဖန်နေတာပဲ။ မရဘူး မေမေနဲ့ငါက သဘောတူပြိးသား။ အစကတည်းက ငါလုပ်ချင်တာလုပ် ခွင့်ရဖို့ ဒီလောက် ကြိုးစားခဲ့တာ မေမေစိတ်ပြောင်းအောင် လာလုပ်နေတဲ့ နင့်ကို ငါသိပ်စိတ်တိုနေတယ်နော် သော်က......."

"သဒ္ဒါ နင်ဖြစ်ချင်သလို မဖြစ်ခဲ့ရင် နင်ဘယ်လိုလုပ်မလဲ ကံလည်းရှိသေးတယ်လေ ငါပြောတာ မဟုတ်ဘူးလား....."


" ဒီမှာ သောက လောကမှာ လူတိုင်း ဘာဖြစ်လာမယ် ဆိုတာ ကြိုသိတဲ့သူမရှိဘူး ငါလုပ်ချင်တဲ့အလုပ် ငါဝါသနာပါရာ ကို ဇောက်ချလုပ်ကိုင် ချင်တာ။ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာ ငါ့အလုပ်မဟုတ်ဘူး။ ကြိုးစားရမှာက ငါ့အလုပ် နင်နားလည်ရဲ့လား။ အမှတ်တွေကောင်းလို့ ဆိုပြိး ငါဝါသနာ မပါတဲ့ စာတွေ ငါလုပ်နေရမဲ့အစား ငါဝါသနာ ပါတဲ့အရာတွေ လေ့လာမယ်ဆိုရင် ငါ့အတွက် ပိုအကျိုးဖြစ်ထွန်းမယ် ဆိုတာ နင်ထက် ငါပိုသိတယ်။ (၁၀)တန်း အမှတ်ကောင်း တာလေးနဲ့ ဝါသနာမပါတဲ့ သူများအထင်ကြိးအောင် ဆိုပြိး လိုင်းကောင်းကောင်း တက်မယ့်သူ တွေထဲ ငါမပါဘူးသော်က......."

"အင်းလေ ဘယ်လိုပြောပြော ခေါင်းမာတဲ့နင့်ကို ပြောနေလည်း အရာမဝင်ဘူးဆိုတာ ငါသိပါတယ်သဒ္ဒါ ကောင်းပြီလေ ငါ့တို့တွေ နောင်တစ်ချိန် ရည်မှန်းချက်တွေ ပြည့်တဲ့နေ့ ပြန်ဆုံကြတာပေါ့ သဒ္ဒါ။ မမေ့နဲ့ နင့်သတင်းကို ငါအမြဲနားစွင့် နေမယ်ဆိုတာ နင်တစ်နေ့ နောင်တရမယ် မရဘူးဆိုတာ ငါသိနေတယ် သဒ္ဒါ..."

"နင့်ရဲ့ ခပ်ပေါပေါ အတွေးတွေ မြောင်းထဲလွင့်ပစ်လိုက် သော်က။ နင်စိုးရိမ်သလို သဒ္ဒါ ဘယ်တော့မှ မဖြစ်ဘူး သိလား......."

"ကောင်းပြီလေ သဒ္ဒါ နင်အဲလို အသံမာမာနဲ့ အမြဲပြောနိုင်ဖို့ ငါမျှော်လင့်ပါတယ် အမြဲတမ်းအတွက်ပါ သဒ္ဒါ........."

"စိတ်ချ သော်က သဒ္ဒါက ခံယူချက်နဲ့ ပါက်သက်လာရင် အမြဲတမ်း မာမာပဲ။ နောင်တဆိုတဲ့ အရာ ငါ့အတွက်မဟုတ်ဘူး နားလည်ထားလိုက် သော်က....."

"ပြိးရောလေ နောက်မှ ပြန်ဆုံကြတာပေါ့ သဒ္ဒါ နင် ကံကောင်းပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်...."

"မလိုပါဘူး ဖြစ်ကိုဖြစ်စေရမှာ နင်သာ ရည်ရွယ်သလို ဖြစ်အောင်လုပ်ဖို့ မမေ့နဲ့....."

"ကောင်းပြိ...နောက်မှတွေ့ကြတာပေါ့ သဒ္ဒါ......"

" အင်း...."

နှုတ်ဆက် ကျောခိုင်း သွားတဲ့ သော်ကရဲ့ နောက်ကျောကို ကြည့်ပြီး သဒ္ဒါလည်း အိမ်ထဲ လှည့်အဝင်

"သမီး သော်က ပြန်သွားပြီလား.........."

"အင်း ပြန်သွားပြီ မေမေ ခုပဲ........"

"အင်းမေမေက ထမင်းစားချိန်မို့ ထမင်းစားဖို့ လာခေါ်တာ သမီးရဲ့.........."

"ပြန်သွားပြီ မေမေ သမီးတို့ပဲစားကြတာပေါ့ သူမစားတော့ သမီးပိုစားရတာပေါ့ မေမေရ....."

"ဟွန်းးးနော်ကောင်မလေး သော်ကနဲ့ စကားများပြန်ပြီလား....."

"အင်း မများပါဘူးမေမေ ကျောင်းကိစ္စပဲ လာလာပြောနေတာလေ...."

"သူလဲ သမီးနဲ့အတူ ကျောင်းတက်ချင်တယ် ထင်ပါရဲ့....."

"ဟာ မေမေကလည်း သမီးမှ ဝါသနာမပါတာကြိး မတက်ချင်ပါဘူးဆို မေမေနော် ကတိမဖျက်နဲ့......"

"မဖျက်ပါဘူး သမီးရဲ့ မေမေက သမီးကို ဘာပဲလုပ်လုပ် ကိုယ်ဦးတည် ချက်ကို တစ်စိုက်မတ်မတ်နဲ့ ထိရောက် စေချင်တယ် ဆိုတာတော့ မမေ့နဲ့ ဟိုမရောက် ဒီမရောက်သာ မဖြစ်စေချင်တာနော်။ သိတယ်မလား မေမေတို့ သားအမိနှစ်ယောက်အတွက် အများကြိးမလိုဘူး စီးပွားရေးလည်း သက်စွန့်စံဖျား နိုင်ငံရပ်ခြား သွားရှာဖို့ မလိုဘူးလေ။ သမီးဝါသနာပါတာကို မေမေက နားလည်ပေးသလို ရည်ရွယ်သလို ဖြစ်အောင် လုပ်ရမှာက သမီးအလုပ်ပဲလေ နားလည်တယ်နော် သမီး."

"ဟုတ်ကဲ့ပါ မေမေ သဒ္ဒါ ရည်ရွယ်တာ ကိုမဖြစ်ဖြစ်အောင် လုပ်မှာပါမေမေ......"

"ကဲဒါဆို ထမင်းစားကြစို့......."

" ဟုတ်..."

မေမေရဲ့ ခါးကိုဖတ်ပြိး ထမင်းစား ခန်းဆီကို ဦးတည် ကာလျှောက်နေမိရင်း သဒ္ဒါစိတ်ထဲမှ သဒ္ဒါရဲ့ဆန္ဒကို အလေးထား စဉ်းစားပေးတဲ့ မေမေကို ပိုလို့ ကျေဇူးတင် နေမိတယ်။ ဖေဖေဆုံးပြိး ကတည်းက ဖေဖေရဲ့ လုပ်ငန်းတွေကို လွဲပြောင်းယူရင်း မေမေက သဒ္ဒါကို အဖေလိုတစ်မျိုး အမေလိုတစ်သွယ် စောင့်ရှောက်ကျွေးမွေး ခဲ့တာလေ။ သဒ္ဒါ ဖြစ်ချင် တာတွေဆို မေမေက အကျိုးသင့် အကြောင်းသင့် ရှင်းပြတက်ပြိး မလုပ်စေ ချင်ရင်လည်း သဒ္ဒါကို နားဝင်အောင် အေးအေး ရှင်းပြတက်တဲ့ မေမေပါ။

###############

"သက်ထားရေ သဒ္ဒါလေး မြန်မာစာမေဂျာ အဓိကနဲ့ ကျောင်းလျှောက်တယ်ဆိုတာ တစ်ကယ်လားသက်ထား..."

"ဟုတ်တယ် မမမြင့်ရယ် သက်ထားလဲ သူဝါသနာပါတာလေး လုပ်ပါစေလို့ ခွင့်ပြုလိုက်တာလေ မမမြင့်ရဲ့ (၁၀)တန်း မဖြေခင်ကတည်းက သဒ္ဒါကို မြန်မာစာ မေဂျာ အဓိကနဲ့ ကျောင်းတက်ပရစေလို့ သက်ထားကို ခွင့်တောင်းထားတာလေ မမ သဒ္ဒါ လေး စာရေးဆရာမ ဖြစ်ချင်လို့တဲ့။ သူ့ကအဖေ တူတာလေ အဲဒါ သက်ထားလည်း မတားချင်လို့လေ မမ။ သူ့အဖေတုန်းကလဲ မိဘတွေက ခွင့်မပြုခဲ့လို့ ဝါသနာပါတာလေး မလုပ်ခဲ့ရဘူး။ ဘဝတူဝါသနာ တူတွေတွေ့ရင် တဖွဖွ ပြောနေတက်တယ် လေ။ အဲဒါလေး ပြန်မြင်ယောင်မိရင်း သဒ္ဒါလေးက မြန်မာစာမေဂျာနဲ့ ကျောင်းလျှောက်ပရစေ ဆိုတော့ သက်ထားလည်း ခွင့်ပြုလိုက်တာ မမမြင့်......"

"အင်း ဟုတ်တော့ ဟုတ်ပါတယ် မမမြင့်တော့ သိပ်နားမလည်ဘူး သက်ထားတို့ သားအမိကို သဒ္ဒါလေးရတဲ့ အမှတ်တွေကို နှမြောတာ လိုင်းကောင်းကောင်း ဝင်သလို သဒ္ဒါလေးကလည်း ထက်ထက် မြက်မြက်လေး ဆိုတော့ သားကလာပြောတော့ မမမြင့်ဖြင့် မယုံတောင်မယုံ ဘူးတစ်ကယ်......"

"ဘယ်တက်နိုင်ပါ့ မလဲမမမြင့်ရယ် ဝါသနာပါတာလေးကို မြေတောင်မြောက် ပေးချင်တယ်လေ။ ပြီးတော့ သဒ္ဒါကို နိုင်ငံခြားလွတ်ပြီး ပညာသင်ခိုင်း ရအောင်လည်း သက်ထားမလွတ်ချင်ဘူး မမရဲ့။ သက်ထားတို့ သားအမိအတွက် အခုသက်ထား လုပ်နေတာနဲ့ပဲ လုံလောက်နေပါပြီ။ သဒ္ဒါလေးက မိန်းခလေးလည်း ဖြစ်နေတော့ သက်ထားက သူဝါသနာပါတာ လေးလုပ်ပါစေ လို့အများကြိး လည်းမမှန်းထား ပါဘူးမမရယ်။ အင်းပြောတော့ ပြောထားတယ် ရည်ရွယ်ရင် ဖြစ်အောင်လုပ်ဖို့ မဖြစ်လာလည်း ဘာအရေးလဲမမရယ် သက်ထားအလုပ်မှာ ဦးစီးခိုင်းလိုက်မယ်လေ မကောင်းဘူးလား မမရဲ့....."

"ဟုတ်နေတာပဲ သက်ထားတို့ သားအမိကတော့ အမေကလည်း သမီးသဘော။ သမီးကလည်း တွေးရဲလုပ်ရဲပ။ အင်းလေ ဘယ်တက်နိုင်ပါ့ မလဲ သော်ကလေးကတော့ နောက်တစ်လလာက်ဆို စင်္ကာပူမှာ ကျောင်းတက်ဖို့ သွားတော့မယ်လေ သဒ္ဒါလေးကိုလဲ အတူလွတ် လိုက်ချင်တာပါ မမမြင့်က......."

"အင်း သဒ္ဒါလေးက သူ့အဖေတူလေ မမမြင့် လုပ်ချင်စိတ်လေး ရှိနေတော့ သက်ထားတော့ သဘောကျတယ် အေးအေးဆေးဆေး ဘဝလေးဖြစ်စေ ချင်တယ်လေ။ အင်း ငယ်သေးတော့ အားပေးရင်း မြေတောင် မြောက်ပေး တာကလေးတွေ အတွက် ပိုကောင်းမလားလို့ သော်ကလေးလည်း ရည်မှန်းချက် ကြိးသား သူလဲဆေးကျောင်း မှီရဲ့သားနဲ့ မတက်ဘူးနော် မမမြင့်....."

"အင်း... မမမြင့်လည်း သော်ကလေးကို ဆေးကျောင်း တက်စေချင်တာ သူကဝါသနာမပါ ဘူးတဲ့လေ။ စီးပွားရေးနဲ့ပက် သက်တာပဲ သင်ချင်တယ်ဆိုတော့ သူ့အဖေကတော့ သဘောကျနေတာလေ။ သူတို့သားအဖကလည်း အိမ်မှာ တစ်ပါတီလေ သက်ထားရဲ့။ အင်းဒီမှာ ကျတော့လည်း အသားအမိ တွေက ညီနေတာပဲ ။ အင်းပါ သက်ထား ကိုယ်တိုင်က ခွင့်ပြု တာဆိုတော့ ပိုကောင်းတာပေါ့လေ။ ကဲမမမြင့် ပြန်မယ် သက်ထားရေ မမအပြင်သွား စရာလေးလည်း ရှိလို့......"

"ဟုတ်ကဲ့ မမမြင့် နောက်မှပဲ သက်ထားလည်း မမမြင့်တို့ဆီ လာခဲ့အုံးမယ်......"

"အင်းပါ..အင်းပါမမမြင့် သွားပြီနော်..."

"ဟုတ်ကဲ့ မမမြင့်...."

မမမြင့်ကို အိမ်အဝင်ထိ လိုက်ပို့ပေးပြီး သက်ထား အတွေးတွေထဲမှာ သွားလေသူ ခင်ပွန်း ဖြစ်သူ ကို ပြန်လည် မြင်ယောင် နေမိတယ်။ စာရေးဆရာ ဖြစ်ချင်တဲ့ ဝါသနာကို စွန့်ပြီး မိဘရဲ့အလိုကျ စီးပွားရေး လုပ်ငန်းကို ခြေစုံပစ် ဝင်ခဲ့ပေမယ့် အားလပ်ချိန်တွေဆို ပန်းချီတွေဆွဲ၊ ကဗျာတွေ ရေးပြီး တစ်ယောက်ထည်း အတွေးတွေနဲ့ နှစ်မြုပ်နေ တက်သူလေ။

သက်ထား နဲ့လည်း မိဘခြင်း သဘောတူ လို့လက်ထပ် ခဲ့တာဆိုပေမယ့် သက်ထားကတော့ ကို့ကိုယ် မြင်မြင်ချင်း နှစ်သက် သဘောကျခဲ့ မျိုးဆိုပေမယ့် ကို့ကတော့ ချစ်ဦးသူနဲ့ လွဲခဲ့ရတဲ့ အဆွေးသမား လေးပေါ့။ မလိုအပ်ရင် စကားနည်း တက်တဲ့ ကိုက သူချစ်တဲ့ စာပေတွေ၊ ကဗျာတွေ အကြောင်း ဆိုရင်တော့ မမောတန်း အသေးစိတ် ပြောပြ တက်သူပါ။ ကို့ရဲ့ ရင်ခုန်သံတွေအစစ် တွေက ကဗျာတွေ စာပေတွေမှာ စီးမျောနေတက်ပြီး ဝါသနာပါရာ လုပ်ခွင့်မရခဲ့လို့ အမြဲ ယူကြုံးမရ တဖွဖွနဲ့ ညည်းညူ တက်တဲ့ကိုပါ။

ဒီနေ့ ဒီအချိန် ကိုသာ အသက်ရှင်နေမယ်ဆိုရင် သဒ္ဒါလေး လုပ်ချင်တာ တွေကို အားပေးပြီး ဘယ်လောက်တောင် ဂုဏ်ယူနေရှာ မလဲနော်..။ကို့ရဲ့ အငွေ့ သက်လေးတွေ ပြည့်နေတဲ့ အနုပညာ ပြခန်းထဲမှာ ကိုရှိစဉ်က အတိုင်း အရာမယွင်းစေပဲ အခုတော့ သမီးလေးကို အပ်နှံဖို့ အချိန် ရောက်လာတော့ မယ် ကိုလို့ တိတ်တိတ်လေး ညည်းဆိုနေမိရင်း ။

#################

သဒ္ဒါရဲ့ ပင်ကိုဗီဇလေး ကြောင့်လား ကြိုးစားမှုကြောင့်လား ဒါမှမဟုတ် ကံအကြောင်းတရား ကြောင့်လား အခုဆိုရင် ဟိုတစ်စ ဒီတစ်စ မဂ္ဂဇင်း တွေမှာပါလာတော့ ကြည်နူးမိရတယ်။ တစ်ကယ်ကို ပျော်ရွင် ကြည်နူးစရာပါပဲ။ ကျောင်းစာက တစ်ဖက်နဲ့ လက်လှမ်းမှီ သလောက်လေးတွေ စာလေးတွေ ရေးဖြစ်နေရင်း သဒ္ဒါလည်း ဘာလိုလိုနဲ့ ဝါသနာနဲ့အလုပ်နဲ့ တစ်ထပ်ထည်း ကျနေတော့ မအားလပ်အောင်ပါပဲ။ M.A ထိ ရအောင်လုပ်ရမယ်လို့ မှာထားတဲ့ မေမေရဲ့ စကားကြောင့်လည်း သဒ္ဒါ ပိုလို့  ကြိုးစားရတယ်။ ဘာပဲလုပ်လုပ် ထိထိ ရောက်ရောက်လုပ် ဆိုတဲ့ မေမေရဲ့လက်သုံး စကားကြောင့်လည်း သဒ္ဒါခုလို ကျေနပ်ဖွယ် အနေအထားလေး ရောက်ခဲ့ရတာလေ။

သဒ္ဒါအတွက်တော့ မေမေက အကောင်းဆုံး လမ်းပြကြယ်ပါ။ အားလပ်ရက် တွေတိုင်း ခရီးထွက်ဖို့ အားပေးသလို အတွေ့ အကြုံလေးတွေ မှတ်သားစရာ လေးတွေကိုလည်း မမကညွန်ပြပေး တက်တယ်။ အားရကျေ နပ်စရာလေးပါ။ မိဘတစ်ယောက်ရဲ့ သားသမီးပေါ် နားလည် ပေးနိုင်မှုဆိုတာ သားသမီးတွေရဲ့ လုပ်နိုင်ရည် စွမ်းရည်ကို မြင့်တင်ပေးရာ သက်ရောက်ခြင်းကြောင့် ဝါသနာပါတဲ့ အလုပ်တွေ လုပ်နေရတဲ့ သဒ္ဒါကတော့ အမြဲပဲ မေမေ့ကို ကျေးဇူးတင် နေမိတယ်။

"ဒီမှာ ခင်ဗျ တစ်ခုလောက် အကူညီတောင်းလို့ ရမလား မသိဘူး ကျွန်တော်...."

အသံကြောင့် သဒ္ဒါရဲ့အတွေးတွေ လွင့်စင်ခဲ့ရပြိး အသံလာတာ ခေါင်းမော့ ကြည့်ရင်း သဒ္ဒါက

"ဟုတ်ကဲ့ သဒ္ဒါ ဘာများကူညီပေး ရမလဲမသိဘူး......"

"ဟိုလေ ကျွန်တော် မြန်မာစာ မေဂျာက မသက်ထားမေ နဲ့ တွေ့ချင်လို့ပါ ဒါပေမယ့် ...."

"သြော် သက်ထားမေ ကဒီနေ့ အတန်း မလာဘူးရှင့် ပုံမှန်ဆို သူက ဟိုးထောင့်ဆုံးခုံမှာ ထိုင်နေကြရှင့် နောက်နေ့ လာရင် ဒီက ရှာလို့ လွယ်မှာပါ......."

ပြောလည်းပြော ညွန်လည်းညွန် တဲ့သက်ထားမေ ရဲ့ထိုင်ခုံ နေရာလေးကို လှမ်းကြည့်ရင်း မျှော်လင့် တကြိး မျှော်လင့် လာတဲ့ မျှော်လင့် ချက်လေးတွေ ပျောက်ပြန် ပြီပေါ့ဆိုတဲ့ အတွေး။

"ဟိုလေ အရေးတကြီး ကိစ္စရှိရင် သက်ထားမေရဲ့ သူငယ်ချင်းတွေကို သွားမေးပြိး ရှင်အဆောင် လိုက်သွားလို့ ရမယ်ထင်တယ်....."

"ဟုတ်ကဲ့ ခင်ဗျ ကျေးဇူးပါနော်...ကျွန်တော် မနက်ဖြန်မှ ထပ်လာခဲ့ပါ့မယ် ခင်ဗျ အခုလို ရှင်းပြပေးတာ ကျေးဇူးပါနော်......."

"သြော် ရပါတယ်ရှင့် သဒ္ဒါ ဘာမှမကူ လိုက်ရပါဘူးနော်...."

" ဗျာ..."

"ဟော်တော့ သဒ္ဒါကစတာပါ.."

"ဟုတ်ကဲ့ခင်ဗျ...."

သဒ္ဒါရဲ့ အတည်ပေါက်နဲ့ စနောက်မှုကို ပထမ သဘော မပေါက်ပဲ နောက်မှ သဘောပေါက်ပုံ ရသွားကာ ပြုံးသွားတဲ့ ကိုယ်လူချောက

"ကျေးဇူးပါ မသဒ္ဒါ...."

"မသဒ္ဒါ မလုပ်ပါနဲ့ သဒ္ဒါဆို ရပါပြီ ဒီကရော...."

" သတ္တိပါခင်ဗျ...."

"ဟုတ်ကဲ့ပါရှင် သဒ္ဒါလည်း ကိုသတ္တိ ကိုမှတ်ထားပါ့မယ် နောက်တွေ့လည်း မမြင်ချင်ယောင် ဆောင်ကြတာပေါ့...."

"ဟော်ဗျာ အဲလိုမဟုတ်ပါဘူး ကျွန်တော်က......."

"ဘာလဲ ဦးအောင် ပုန်းနေမှာလား....."

"မဟုတ်တာဗျာ ကျွန်တော်က ပုန်းစရာလား မသဒ္ဒါ အဲ့ သဒ္ဒါရဲ့...."

"အင်းပါရှင် သဒ္ဒါက စတာပါ အရေးကြိးရင် သဒ္ဒါသွား မေးပေးမယ်လေ သက်ထားမေရဲ့ သူငယ်ချင်း တွေကို...."

"ရပါတယ်ခင်ဗျ ကျွန်တော် သူနဲ့တွေ့မှ ဖြစ်မှာဆိုတော့ နောက်နေ့မှပဲ ထပ်လာခဲ့ပါ့မယ်"

"ဟုတ်ကဲ့ပါရှင် အဲဒါဆိုဆိုလည်း..သဘောပါ...."

"အခုလို ကူညီတဲ့ အတွက် ကျေးဇူးပါ ကျွန်တော်က ရွာသာကြိးက မာစတာတက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ...."

"သြော် ရွာသာကြိးကဆိုတော့ စီးပွားရေး တက္ကသိုလ် ကပေါ့နော် အင်း မိန်းမလှကျွန်းမှာ ဘယ်လိုများ နေရှာပါ့လိမ့်နော်..."

"မဟုတ်ပါဘူး သဒ္ဒါရဲ့ အဲလောက်လည်း ကျွန်တော်က ဒဂုံတက္ကသိုလ်ကို တစ်ခေါက်ရောက်ဖူး ပေမယ့် သူငယ်ချင်းတွေနဲ့လေ အခုက တစ်ယောက် ထဲလည်းဖြစ် ကျောင်းဆောင် တွေကလဲများဆိုတော့ လည်နေတာ သဒ္ဒါရဲ့......"

"အင်းအင်း နောက်မှ တွေ့ကြမယ်လေ ကြုံကြိုက်ရင်ပေါ့ သဒ္ဒါအတန်း တက်ရအုံးမယ် အခုတော့...."

"ဟုတ်ကဲ့ ခင်ဗျ....."

ဆရာမ ဝင်လာတာမို့ ပြောလက်စ စကားဖြတ်ပြီး သဒ္ဒါ အတန်းထဲသို့ ဝင်ခဲ့တာ သတ္တိဆိုတဲ့ ဆရာသမား ဘယ်လိုပုံစံ ဖြင့်ကျန်ခဲ့မလဲ လို့အတွေးပါးပါးဖြင့် ပြုံးမိရင်း။ အေးအေး စက်စက် သူ့ဟန်ပန် သိမ့်မွေ့တဲ့အပြော ယဉ်ကျေးတဲ့ အသုံးနှုန်း တွေနဲ့ ဒီလူက မာစတာ တက်နေတဲ့ ကျောင်းသားတဲ့လေ။

##############


"သဒ္ဒါ...."

"ဘာလဲ...."

"သဒ္ဒါ....."

"ဟာ ဘာလဲ သော်က ခေါ်ပြီး အူကြောင်ကြောင်နဲ့...."

"အင်းပြောမှာပေါ့ဟ...."

ပြုံးစစ မချို မချဉ် မျက်နှာနဲ့

"နင် အရမ်းလှလာတယ်နော်........"

"ဟား...ဟား..ဟား......"

"ဟာ နင်ဘယ်လိုလုပ် ရီနေတာလဲ မိန်းခလေး မဟုတ်ဘူးလား သဒ္ဒါ........"

"ငါဟာငါ ဘယ်လို ရီရီပေါ့ ဘာဖြစ်လဲ ငါရီချင်သလို ရီတာ နင့်အပူပါသလား....."

"နင်ကလေ စကားကောင်း ပြောလို့ကို မရဘူး ဒီပုံစံနဲ့များ ဘာစာရေးဆရာမ၊ လုပ်နေသေးတယ် နင့်လို ခပ်ခပ်ပေါပေါ စာရေးဆရာမမှန်း မသိကြလို့ နေမယ် တစ်စက်မှ အချိုးမကျဘူး......."

"အောင်မယ် ငါ့ကိုများ နင့်ကုမ္ပဏီက လက်အောက် ငယ်သား များမှတ်နေလား သော်က...."

"အင်း အဲဒါဆိုရင်လည်း ကောင်းသားပဲ ချက်ချင်း အလုပ်ထုတ်ပြစ်တာခံရမှာ အသေချာပဲ...."

"အင်း ဝေးသေး နင့်လက်အောက်မှာ အလုပ်သမားလုပ်ဖို့တော့...."

"အောင်မှာ နင်ကများ သဒ္ဒါ ငါ့နားမှာနော် ဝိုင်းနေတာ..ဟဟဟ...."

"အဟားးးဘာလဲ ယင်ကောင် တွေနေမှာပေါ့ နော် ပုတ်ပွနေတဲ့..."

"နင်နော် အခုထိ အပြောအဆိုက မပြောင်းသေးဘူး အသက်ကဖြင့်ကြိးနေပြီ....."

"အောင်မှာ နင့်ကိုများ ဘာကိစ္စ အပြောဆို ပြောင်းရမှာလဲ လာသေးတယ် ဒီမှာသော်က ဘဝင်မြင့်ချင်တယ် ကြွားချင်တယ် ဆိုရင်တခြားလူ သွားရှာပြိး ကြွား ငါ့ကိုလာပြီး ကြွားမနေနဲ့ စိတ်မဝင်စားဘူး နိုင်ငံခြား ပြန်ကြိးရဲ့ သိလား....."

"အင်း အတူတူပဲ သူများတွေသာ နင့်ကို စာရေးဆရာမ ဆိုပြိး အထင်တွေ ကြိးနေမယ် ငါတော့ လုံးဝနော် စိတ်တောင် မကူးနဲ့နော် ယောင်လို့....."

"ဟား..ဟ လာသေးတယ် သော်ကတော့ ဇော်ဂျီက ကချင်ပြီ ထင်တယ် ဟုတ်လား ငါတွေ့တာနဲ့ ကောက်ထု လိုက်မှာနော်......."

"ဟား...ဟား..ဟား...နင်အဲဒီ အကျင့် ခုထိမပျောက်သေးဘူးနော် သဒ္ဒါမ ဟာ အစိတ်ပုတ်မ နင်မလုပ်နဲ့နော်......"

ပြောလည်းပြော အနားမှာရှိတဲ့ လမ်းခင်းကျောက်တွေ ယူပြီး တလစက်ပစ်ပေါက်နေတဲ့ သဒ္ဒါကြောင့် သော်က တစ်ယောက် အမှန်ပင် ဇော်ကကနေရပြီလေ။

"တော်တော် သဒ္ဒါ မပြောတော့ဘူး တစ်ကယ် မပြောတော့ဘူး....."

"အလကားကောင် ဘဝင်ရူး...."

"ဟာနော် သဒ္ဒါမ ငါ့ကိုများ ....."

"အဲဒီထပ်တောင် နင့်ကို ပြောချင်သေးတယ် သိလား ငါမပြောရက်လို့မထင်နဲ့ ပြောမထွက်လို့ နားလည်လား..."

"နင်လေ တစ်ကယ်တစ်ကယ် သိလား တစ်စက်မှ လူကြီးတစ်ယောက် ပုံစံမဝင်ဘူး....."

"အဲဒါ နင်သတ်မှတ်ချက်လေ ငါ့လာမပြောနဲ့ ငါ့အကြောင်း သိချင်ရင် စုံစမ်းကြည့်...."

"ဟား..ဟား...လာသေးတယ် စွာတေးမိသဒ္ဒါရာ မေးကြည့်စရာ မလိုပါဘူး နင့်အကြောင်းကိုများ ဘယ်သူက ပိုသိအုံးမှာလဲ......."

"သွားသေလိုက်..ငါအိမ်ထဲဝင်မလို့ လိုက်မလာနဲ့ အပြင်မှာနေခဲ့....."

"ဟား..ဟား...ဟား....."

ပြောလည်းလည်း ဇက်ဇက်ကျဲမလေး ပျောက်ကွယ် သွားတဲ့ အထိ သော်က ရပ်ကြည့်နေမိရင်း သဒ္ဒါတို့ ခြံထဲမှ ခုံတန်းလေးမှ လေးကန်စွာ ထပြီး ဒီလိုနဲ့ပဲ နင့်ရှေ့ရောက်ရင် အပျော်အပျက် စကားတွေနဲ့ပဲ အချိန်ကုန်နေတာပဲ သဒ္ဒါရာ။ ပြောချင်နေတဲ့ စကားတွေ နင်နဲ့ခွဲပြီး ကျောင်းသွား တက်ခဲ့ တစ်ချိန်လုံး နင့်ကို ငါဘယ်လောက် လွမ်းတယ်ဆို တာ နင်မသိပါဘူး သဒ္ဒါ။ အခြေနေပေးလို့ စကားပြောမယ် ကြံတိုင်း အမြဲပဲ ပေါက်ကရ စကားတွေ နဲ့ပဲ အချိန်ကုန်နေခဲ့ရတာ ငါ့ရင်ကို ဖောက်ထွင်း မြင်ပါတော့လား စာရေး ဆရာမကြိးရယ်။

##############


"သဒ္ဒါက မထင်ရ ဘူးနော် ပွင့်ပွင့် လင်းလင်းနဲ့ တအားခင်ဖို့ ကောင်းတာပဲ စာတွေ ရေးနေတဲ့သူလို့တောင် မထင်ရဘူး......"

"ဟင် ဘယ်လိုထင် လို့လဲ ကိုသတ္တိရဲ့......"

"အင်း စာရေးဆရာမ ဆိုတော့ မျက်မှန်အထူကြီး နဲ့ တည်တည်ငြိမ်ငြိမ် စကားနည်းနည်း ပဲပြောတက်တဲ့ သူတွေလို့ ထင်ကြမှာ အခုတော့ သဒ္ဒါပုံစံ မြင်ရင် ဘယ်သူက စာရေးဆရာမ လို့ထင်ကြမှာလဲ ကလေးလေး လိုပဲလေ ရီလိုက်ရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်အပြည့် နဲ့ အမြဲသွက်လက်နေတာ ဘယ်လိုမှ ထင်ရက်စရာမရှိဘူး စာရေးချက်တွေ ဖတ်လိုက်ရရင် မေ့မောရလောက်အောင် ပြောင်မြောက်နေပြန်တယ်........."

"အင်း ကိုသတ္တိကို မုန့်ကျွေးရတော့ မယ်ထင်တယ် သဒ္ဒါကို အတင်းမြှောက်နေ တာနဲ့ ဒီမှာ ရှက်နေပြီ ကိုသတ္တိရဲ့......."

ပြောလည်းပြော ရယ်လည်း ရယ်မောနေတဲ့ သဒ္ဒါက တစ်ကယ့်ကို ဖြူဖြူစင်စင် ကလေးငယ်တစ်ယောက်လိုပါပဲ။

"တစ်ကယ်ပြောနေတာပါ သဒ္ဒါရဲ့....."

"အင်း...ဒါနဲ့ကိုသတ္တိက ဒီနှစ်ပြိးရင် M.B.A ပြီးပြီပေါ့...."

"ဟုတ်တယ် သဒ္ဒါရဲ့ ကျွန်တော် ဒီနှစ်ပြိးရင်...."

"ဘာလုပ်မယ် စိတ်ကူးထားလဲ သူများတွေကတော့ ကျောင်းပြိးရင် ရေစက်ချတယ်ဆိုပဲ အဟဲ...."

"လုပ်တော့မယ် သဒ္ဒါကလေ အဟက်....."

"အင်းပြောကြတာပဲ ကိုသတ္တိရဲ့ မယုံဘူးလား..."

"အင်းသဒ္ဒါကရော ဘာဆက်လုပ်မလဲ...."

"အင်းသဒ္ဒါကတော့ M.Aပြိးရင် တော်ပါပြီ ဆက်မတက်တော့ဘူး မေမေ့လုပ် ငန်းတွေမှာ ကူညီရင်း စာပဲဇောက်ချ ရေးတော့မယ် လေ..."

"အင်းကောင်းသာပဲ သဒ္ဒါ ဘဝလေးက အေးချမ်းလိုက်တာ ဘာမှအပူပင်မရှိဘူး........"

"အင်း ဟုတ်တယ် ကိုသတ္တိရဲ့ သဒ္ဒါလုပ်ချင် တာလေးတွေ လုပ်ခွင့်ရသလို ရည်ရွယ်ထားတာလေး တွေလည်း အလိုလို ဖြစ်လာတာ သဒ္ဒါကုသိုလ်ကောင်း တယ်လို့ပြောလို့ရတယ်လေ ဘဝပေး ကုသိုလ် ပေါ့နော်..အဟဲ....."

"အင်းဟုတ်တယ် သဒ္ဒါရဲ့ ကျွန်တော်တောင် သဒ္ဒါကို အားကျနေတာ အမြဲအေးချမ်းပြီး အပူပင် ကင်းလို့လေ သြော် ဒါနဲ့ ဘယ်တော့ စားရမှာလဲ သဒ္ဒါ အင်းစားရတော့မယ်ဆိုလဲ ကြိုပြောနော်........"

"အင်းအဲဒါလေး တစ်ခုတော့ မထင်ပါဘူးနော် သဒ္ဒါရဲ့ ရင်ခုန်ဘက်နဲ့က အဆင်သိပ်မပြေဘူး ကိုသတ္တိရဲ့ သူက သဒ္ဒါ ဆန္ဒတွေနဲ့ဆို အမြဲခွဲထွက် နေတက်တဲ့ လူသားလေ ဝါသနာလည်းမတူ၊ အကြိုက်ခြင်းလဲ ကွဲ အင်း အဲဒီအတွက်တော့ ခေါင်းစားရမှာ ကိုသတ္တိရဲ့......"

"ဟောဗျာ စာရေး ဆရာမကြိး ကလည်း ရင်တွင်းခံစား ချက်တွေနဲ့ အပြည့်ပါလားနော်......"

"အင်းနော် ခံစားချက်တွေ မရှိပဲနေပါ့မလား ဒီလိုပါပဲ အဟဲ....."

ရှက်ပြုံးနဲ့ ယဲ့ယဲ့လေးပြုံးနေတဲ့ သဒ္ဒါကို ကြည့်ပြီး ကျွန်တော် နားလည်မိရင်း သဒ္ဒါနှလုံးသား ထဲက တစ်စုံတစ်ယောက် ကို တွေးမျှော်ကြည့်ရင်း ကျွန်တော် အလိုလို နုံးချိနေမိရင်း

"အင်းသဒ္ဒါ ကျွန်တော်ကြောင့် စိတ်ညစ်သွားပြိး ထင်တယ်....."

"အဟက်..ခဏပါ ကိုသတ္တိရဲ့ ဒါနဲ့ ကိသတ္တိ ဘယ်တော့ နယ်ပြန်မှာလဲ......."

"အင်း စာမေးပွဲပြီးရင် ကျွန်တော် နယ်ပြန်အုံးမယ် သဒ္ဒါ ကျွန်တော် ရန်ကုန်ပြန်ရောက်တာနဲ့ သဒ္ဒါဆီ ဖုန်းဆက်လိုက်မယ်လေ....."

"အင်းပါ အကြောင်းရှိရင် တစ်ခုခု အကူညီလိုရင်လဲ ပြောလေ ကိုသတ္တိ သဒ္ဒါ ကူညီနိုင်တာဆို ကူညီပါ့မယ်....."

"ကျေးဇူးပါ သဒ္ဒါ သဒ္ဒါလည်း တောင်ကြိးဘက်ကို ခရီးထွက်ဖို့ ကြုံလာခဲ့ရင် ကျွန်တော်ဆီဝင်ဖို့ မမေ့နဲ့နော် တောင်ပေါ်ဒေသက နွေးထွေးစွာ ကြိုဆိုနေမှာပါ."

"ဟုတ်ကဲ့ပါ ကိုသတ္တိ တစ်နေ့နေ့တော့ အလည်ရောက်အောင် လာခဲ့ပါ့မယ် အဲကျရင်သာ ......"

"ဦးအောင် ပုန်းနေရေမှာပေါ့ ဗျာ.......အဟဲ စတာပါ နော်..."

"သဒ္ဒါ ကအဖော်နဲ့မှ လာချင်တာနော် ကိုသတ္တိရဲ့...."

"ဟုတ်ပါပြီဗျာ ဘယ်လိုပဲလာလာ ကြိုဆိုလျှက်ပါ သဒ္ဒါ......"

"အင်း သက်ထားမေ ကိုလည်း သဒ္ဒါကမေးတယ်လို့နော်.. ကိုသတ္တိ အင်းသူများတော့ မေးပြီး ကိုသတ္တိရော ဘယ်တော့လဲ......"

"အဟက်...အေးအေး ဆေးဆေးပေါ့ သဒ္ဒါရယ်.........."

"အင်းနော် သက်ထားမေ က မစောင့်ပဲ သူများနောက်ပါ သွားမှ ငိုနေရမယ် အဲကြရင်တော့လား သဒ္ဒါက ဝထ္ထုတစ်ပုဒ် ချရေးလိုက် မှာနော် ကိုကျန်ရစ်ရဲ့အထ္ထုပ္ပတိ ဆိုပြီးတော့ပေါ့........."

"အဟား..ဟား..ဟား..လုပ်တော့မယ် သဒ္ဒါကတော့......."

ကျွန်တော် နှလုံးသားက သဒ္ဒါမရေးခင် ကတည်းက ကျန်ရစ်ဖြစ် နေပြိးသားပါ သဒ္ဒါရယ်လို့ ကျွန်တော်မပြော တော့ပါဘူးသဒ္ဒါ။ မြင်မြင်ချင်း ခင်မင်ဖော်ရွှေ ပြိး ပွင့်လင်းလှတဲ့ သဒ္ဒါကို ကျွန်တော် ဘယ်လောက် စွဲလန်းခဲ့ ရတယ်ဆိုတာ ကျွန်တော် အသိဆုံးပါ။ အမှတ်မထင် သိကျွမ်းခဲ့ရာကနေ သဒ္ဒါရှိရာ အကြောင်းမရှိ အကြောင်းရှာပြိး အကြိမ်ကြိမ်ရောက် ခဲ့ရတာတွေကို သဒ္ဒါကတော့ တိုက်ဆိုင်မှုလို့ ထင်ကောင်း ထင်နေပေမယ့် အဲလိုဖြစ်အောင် ကျွန်တော် ဖန်တီး ယူခဲ့ရတာ သဒ္ဒါမှမသိခဲ့တာ။

"ကဲ သဒ္ဒါ ကျွန်တော် ပြန်တော့မယ်နော် တော်တော်ကြာအောင် မတွေ့ဖြစ်ကြမဲ့သူတွေ ဆိုတော့ နောက်တစ်ခါတွေ့ရင် သတင်းကောင်း ကြားချင်တယ်နော် ဟဲဟဲ......."

"သဒ္ဒါတော့ မထင်ပါဘူး ရှင်....."

"ကံကောင်းခြင်းတွေနဲ့ မိတ်ဆွေဖြစ်တက်တဲ့ သဒ္ဒါက အခုရော ကံကြမ္မာကို မယုံတော့ဘူးလား....."

"မယုံရဲတာလေ အခုလို နှလုံးသား ရေးရာဆိုတာ မိန်းခလေးတွေအဖို့ မျှော်လင့်ရုံပဲ တက်နိုင်တာဆိုတော့......"

"အင်း ဘာပဲဖြစ်ဖြစ် သဒ္ဒါ ကံကောင်းမှာပါ........"

".ကျေးဇူးပါ ကိုသတ္တိ...."

"ကျွန်တော် သွားပြီနော် နောက်မှပဲ ဆုံကြတာပေါ့သဒ္ဒါ.........."

"ဟုတ်ကဲ့..."

သဒ္ဒါကို နုတ်ဆက်ရင်း ကျောခိုင်း ထွက်ခဲ့ရပေမယ့် ကျွန်တော် သဒ္ဒါနားမှာ ထာဝရနေချင်ခဲ့တာပါ သဒ္ဒါ။ ဒါပေမယ့်လည်း ကျွန်တော် က သဒ္ဒါလို့ အမြဲကံကောင်းခြင်း တွေနဲ့ ဆုံစည်းနေကျ လူမဟုတ်ခဲ့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလွဲတွေနဲ့ နေသားကျနေတဲ့ လူတစ်ယောက်ဆိုတော့ သဒ္ဒါသာ မျှော်လင့်သလို မဆုံစည်းဖြစ်ခဲ့ရင် ကျွန်တော်ထပ် နာကျင်ခံစား ရမှာစိုးရိမ်မိတယ် သဒ္ဒါရယ်။ အဲဒါကြောင့် လည်း သဒ္ဒါ ကံကောင်းပါစေလို့ ကျွန်တော်ဆုတောင်းပေးရုံမှ အပ အခြား မတက်နိုင်ခဲ့ပါဘူး သဒ္ဒါ..။

#############


"သဒ္ဒါ နင်အဆင်ပြေနေတယ် ပေါ့လေ ဟုတ်လား...."

"ဘာကိုလဲ သော်က....."

"ငါကြားနေတဲ့ သတင်းတွေက နားနဲ့မဆံ့ဘူး.........."

"အဲဒီတော့ ငါကဘာလုပ်ပေးရမှာလဲ သော်က........"

"သဒ္ဒါနော် ငါကအကောင်းပြောနေတာ......."

" ဘယ်သူကရော မကောင်း ပါဘူးလို့ ငြင်းနေ လို့လဲ သော်က လူဆိုတာ အပေါင်းသင်း ပတ်ဝန်းကျင် နဲ့နေနေတာ ငါက ဘာကိစ္စနဲ့ နင့်ကို လိုက်ရှင်းပြရမှာလဲ နင်ကို ငါပြောပြိးသားနော် သော်က ငါက နင်အော်ချင် တိုင်းအော် ဟောက်ချင် တိုင်းလာဟောက် လို့ရမဲ့ နင့်အလုပ်ထဲက ဝန်ထမ်းမဟုတ်ဘူး လို့ပြောပြိးသား ပြိးတော့ ငါကလေးမဟုတ်ဘူး ငါ့ဘဝအတွက် ငါစဉ်းစား ဆုံးဖြတ်နိုင်တဲ့ အသက်ရွယ် အပိုင်းခြား ရောက်နေပြီ ငါ့ရဲ့ရွေးချယ်မှု နဲ့ငါ မေမေတောင် ဘာမှဝေဖန်ခြင်း မရှိတာ နေပါအုံး နင်ကဘာဖြစ်နေတာလဲ ငါကိစ္စတွေမှာ ဘာလို့ဒီလောက် ဖြစ်ပျက်နေတာလဲ........"

သဒ္ဒါရဲ့ စကားတစ်ခွန်းက ကျွန်တော့် ပါးကို ရိုက်တာထက်တောင် နာကျင်ပါတယ်။ အရှက်၊သိက္ခာ၊မာန တွေကြောင့် ချက်ခြင်း ဆိုသလို မျက်နှာတစ်ခုလုံး ရဲရဲနီဆွေးလျှက်

"ကောင်းပြီလေ သဒ္ဒါ နောက်တစ်ခါ အခုလိုမျိုး ထပ်မဖြစ်စေရဘူး စောရီးပဲ....."

ထိုမျှ စကားလေး တစ်ခွန်းသာ ပြောပြီး ကျောခိုင်း သွားတဲ့ သော်က ကိုကြည့်ရင်း သဒ္ဒါပါးပြင်မှာ မျက်ရည်စ တွေ လိမ့်ဆင်း လာခဲ့တယ်။ အမြဲတမ်း အဲလို အဆင်မပြေ မှုတွေနဲ့ နင်ဘယ်လောက်တောင်မှ နင့်မာနကို လက်ကိုင်ထား နေအုံးမှာလဲ သော်က။ အချစ်ဆိုတာ နင်ထင်သလို မာနတွေ ခြံရံပြိး ထားသင့်တဲ့ အရာမဟုတ်တာ နင်မသိခဲ့ လို့လား သော်က။ ငါ့ရင် တစ်ခုလုံး နင့်အတွက်ကြိးပဲ။

တခြားသူ ဝင်ဖို့မပြောနဲ့ နင်တစ်ယောက် ထဲနဲ့တောင် ငါမှာ ရူးရမတက်ပဲ။ နင်ကတော့ မာနတွေနဲ့ ငါ့အပေါ်ဆို တင်စီးနိုင် လွန်းပါတယ်။ သူငယ်ချင်းဆိုတဲ့ စည်းကို အကာကွယ် ယူပြိး ကြိးပျင်းလာတဲ့ ငါတို့နှစ်ယောက်ရဲ့ နှလုံးသားတွေ အဲလောက် မဖြူစင်ခဲ့ဘူးဆိုတာ ငါသိသလို နင်လည်း သိမှာပါသော်ကရယ်။ ယောက်ျားဖြစ်ပြိး မာနကြိးကြိး ထားနေတဲ့ နင့်ရှေ့မှာ ဒူးထောက်ခစား ဖို့များ နင်မျှော်လင့် နေသလား သော်က။ ဒီထပ်ဝေးကြဖို့ပဲ ရှိတယ် သော်ကရယ်။

ဆတ်ဆတ်ထိမခံတဲ့နင့်ရဲ့မာနနဲ့
အလျှော့မပေးတက်တဲ့ငါ့ရဲ့အတ္တတွေကြောင့်
တစ်ယောက်နဲ့တစ်ယောက်
မြင်နေခွင့်လေးတောင် ဆုံးရူံးခဲ့ရပြီလား သော်က...

ငါ့အထင်တော့
နားလည်မှုဆိုတာ
နင်နဲ့ငါ့အတွက် အဖြေရှာမရတဲ့
မသိကိန်းတစ်ခုဖြစ်နေမှတော့
ဝေးကြဖို့လွဲပြီး ဘာများတက်နိုင်မှာလည်း သော်ကရယ်..

သဒ္ဒါ

#################

မတွေ့တော့ဘူးလို့
ခါးသီးစွာဆုံးဖြတ်မိတိုင်း...
တစ်စစ်စစ်နာကျင်တဲ့နှလုံးသားက
ထွက်သက်ဝင်သက်တွေကို ရပ်တန့်သွားစေလောက်အောင်
ပြင်းထန်တယ်ဆိုတာ နင်သိပါ့မလား....သဒ္ဒါ

You can do as you like..ဆိုတဲ့စကား
ရင်ထဲမှာဖန်နေအောင်ခါးတာ
နင်မှမသိပဲ...

ဘာကိုတွေးတွေး၊ဘယ်နေရာကိုကြည့်ကြည့်
ဟာလာဟင်လင်းနဲ့မျှော်လင့်ချက်တွေပျောက်ဆုံး
ပျော်ရွင်မှုတွေဆိတ်သုန်းခဲ့ရတဲ့အဓိကတရားခံဟာနင်ပါလို့
အဖြစ်အပျက်တွေကသက်သေခံနေတာတောင်
ချစ်တက်လွန်းတဲ့နှလုံးသားကလက်မခံပါလား.....သဒ္ဒါရယ်
ဒီလိုနဲ့ပဲ...........ငါတော့.

သော်က

################

စစ်တုရင်ကစားလို
အကွက်တွေရွှေ့နေကြတဲ့နင်နဲ့ငါ
ဘယ်သူကများအလျှော့ပေးဖို့ ကြိုးစားမယ်ထင်နေလဲ........

မာယာဆိုတာ
ဟန်ဆောင်ခြင်းကိုတန်ဆာဆင်ထားတဲ
ဝေါဟာရတစ်ခုမို့ ရင်ခုန်သံတွေကိုညာလို့ရနေသ၍တော့ ဝေးနေကြအုံးမှာပေါ့.......

သံသယတွေနဲ့အတူ
ယုံကြည်မှုတွေပျောက်ဆုံးပြိး
အမြဲတစ်ကွက်သာဖို့တွေးနေကြတဲ့ ဒို့နှစ်ယောက်
နှလုံးသားခြင်းနီးဖို့ဆိုတာ မျှော်လင့်သလိုလွယ်မယ်ထင်လို့လား.....


အဲဒီကဗျာလေး လိုပါပဲ သော်ကရေ။ နင်ရဲ့မာနနဲ့ ငါ့ရဲ့အတ္တတွေက ငါတို့နှလုံးသား တွေအတွက် ပြိုင်မျဉ်းတွေ ဖြစ်ခဲ့မှတော့ ထုံးစံအတိုင်း ဝေးကြဖို့က လွဲပြိး ဘာမှမရှိတော့ ဘူးလေ။ အလျှော့မပေးချင်နဲ့ မာနတွေနဲ့ နင်လည်း ရပ်တည်နိုင်သလို ငါမှာလည်း မခံချင်တဲ့ အတ္တတွေရှိ နေသေးသ၍ မဆုံတဲ့သောလမ်းပဲ ကိုယ်စီရွေးကြ တာပေါ့သော်ကရယ်။

"သဒ္ဒါ အအေးမခံနဲ့နော် သမီး ကျန်းမာရေးလည်း ဂရုစိုက်အုံးနော်...."

"ဟုတ်ကဲ့မေမေ......"

"အဲဒါဆို မေမေ ပြန်မယ်နော်.."

"ဟုတ်ကဲ့မေမေ........"

စိတ်ပြေလက်ပျောက် ခရီးထွက်ချင် ဆိုလို့ မေမေက မော်လမြိုင်ဘက်ကို ထွက်ပါလားဆိုလို့ ကျိုက်ခမီ စက်စဲဘက်ကို သွားဖို့အတွက် မေမေ အကြံပေးတာနဲ့ အခုလို ခရီးထွက်ဖို့ ဖြစ်လာတာလေ။ ပထမမေမေပါ လိုက်မယ်ဆိုပြိး တစ်ကယ်တမ်း အလုပ်က ပေါ်လာတော့ မေမေကို တစ်ယောက်ထဲ ပဲသွားလိုက်မယ် ဆိုပြိး အရဲစွန့်ပြိး ခရီးထွက်ခဲ့တာဟာ ပထမဆုံး ခရီးထွက်ခြင်းလေ။ မေမေကစိတ်ပူပြိး မှာနေပေမယ့် လောလောဆယ်လည်း သဒ္ဒါအရမ်း စိတ်ညစ်နေတာ ကြောင့်ဒေါ်လေးတို့ ကိုလာကြိုခိုင်း ထားတာမို့ စိတ်မပူဖို့ မှာရင်း မေမေကားလေး ကွယ်ပျောက်သွားတဲ့ အထိ ရပ်ကြည့်နေမိတယ်။

အချိန်တော်တော်လေး ကြာတော့ သတိလက်လွတ် ရပ်နေမိတဲ့အတွက် အချိန်ဘယ်လောက် ကြာသွားမှန်းမသိ ကျဉ်တက်လာတော့ ခြေထောက်ကြောင့် သြော် တော်တော်ကြာ ရပ်နေမိနေပါလား ဆိုတဲ့ အသိ။ ညောင်းချိလာတဲ့ ခြေအစုံကို ပုန်ကန်ဖို့ အင်အားမရှိတာမို့ ကားပေါ်တက် ဖို့ကဗျာကယာ ကြိုးစားလိုက်ရင်း ခြေထောက်ဆီမှ စူးခနဲနာကျင်လာတဲ့ ဒဏ်ရာကြောင့် ငိုချင်ရဲ့လက်တို့ ဆိုသလို ဝိုင်းလာတဲ့ မျက်ရည်စတွေကို လူမမြင်အောင် ခေါင်းငုံပြီး ကားပေါ်သို့ လှမ်းတက်လိုက်သည်။

ကားထွက်ချိန် နီးပြိမို့ လူတော်တော်လေးစုံ နေပြီဖြစ်လို့ သဒ္ဒါ ခုံနံပါတ် လေးကို ကားစပါယ်ယာ ကောင်လေးဆီသို့ ပေးရင်း ခဏလေးလေးပါပဲ ကောင်လေးညွှန်ပြရာ ထိုင်ခုံကို ကြည့်မိတော့ တော်ပါသေးရဲ့ ပြတင်းပေါက် ဘက်မှာနေရာရလို့ တော်ပါသေးရဲ့လို့ စိတ်ထဲကတွေးနေမိရင်း မျက်ဝန်းများက ကားဝန်းအတွင်း ရည်ရွယ်ချက် ကိုယ်စီနဲ့ ခရီးသွားနေကြတဲ့ လူတွေဆီသို့....အတွေးရောက်ရင်း။

#################


"အရမ်းပျော်နေတယ် ထင်တယ် တစ်ယောက်ထဲ ခရီးထွက်ရတယ်ဆိုတော့....."

ဒီအသံ ကြားနေကြ အသံတစ်ခု ဆိုပြီး သဒ္ဒါလှည့်အကြည့် သဒ္ဒါကို အုပ်မိုးကြည့်ပြိး မချိုမချဉ် အပြုံးတွေနဲ သော်က။

"ဘာလဲ အံ့သြနေတာလား ကိုယ့်ဇနီးလောင်း တစ်ယောက် ထည်း ထင်ရာစိုင်းချင်သလို စိုင်းနေတာ ခွင့်ပြုမယ်များ ထင်နေလား မိသဒ္ဒါ......".

"ဘာ နင်ဒီထိလိုက်လာပြီး ရန်ဖြစ်ချင် နေတယ်ထင်တယ် ဟုတ်လားသော်က......"

လူကြားထဲမှာမို့ အသံနှိမ့်ပြိး ပြောနေပေမယ့် ရုတ်တရက် တွေ့လိုက်ရတဲ့ အခိုက်အတန့်လေးမှာ ပျော်ရွှင်မှု၊ ကြည်နူးမှု လေးတွေ စီဆင်းပြိး ရင်ခုန်သံ တဖျက်ဖျက်နဲ့ လှိုက်ခနဲ ဝမ်းသာမှု လေးဟာ ဘာနဲ့မှ မလဲနိုင်တာ သဒ္ဒါ အသိဆုံးပါ။

"အင်း ဖြစ်တော့ ဖြစ်ကြတာပေါ့ သဒ္ဒါရဲ့ အချစ်နှောတဲ့ အိမ်ထောင်သည်တွေလို ရန်ဖြစ်ပွဲနော်သဒ္ဒါ သဘောတူရင် ဆက်ဖြစ်ကြမယ် သဘောမတူဘူး ဆိုရင်တော့ ဘယ်တော့မှ ရန်မဖြစ်ကြမဲ့ အိမ်ထောင်သည်တွေလို ချစ်ရမယ် ကဲကြိုက်တာသာ ရွေး အမိ......."

ပြုံးစစနဲ့ သဒ္ဒါမကြားဖူးတဲ့ စကားလုံးတွေ ပြောရင်း ကြည့်နေတဲ့ ကောင်လေးတစ်ယောက်က သဒ္ဒါနဲ့ အမြဲရန်ဖြစ် နေတက်တဲ့ မာနကြိးကြိး ဘဝင်မြင့်မြင့် ကောင်လေးမှ ဟုတ်ပါလေစ။ သော်ကရဲ့ အပြောတွေ ကိုမသိချင်ယောင် ဆောင်လျှက် သဒ္ဒါက

"နင်ဘယ်သွားမှာလဲ အခု......"

"နင် သိပ်ကြားချင်တယ်ဆိုရင် ငါနောက်တစ်ခေါက် ထပ်ပြောရမှာပေါ့....."

"သော်က နင်နော်......."

"ဘာနင်နော် လဲနင်ကြားချင်နေတာ ငါသိတယ်နော် သဒ္ဒါ မညာနဲ့....."

စကားပြောရင်း လက်ပါနေကျ သဒ္ဒါထုံးစံ အတိုင်း သဒ္ဒါရဲ့ လက်က သော်က ပုခုံးပေါ်သို့

"ဟား..ဟား...ရမလား သဒ္ဒါ အဲဒီအချိန်တွေက ဟိုးအနောက်မှာ ကျန်ခဲ့ပြီ မှတ်ထားနော် အခုကစပြိး အဲလို လက်ပါတာတွေ မလုပ်ရဘူးနော် သိလား နောက်မှနောင်တ မရနဲ့........."

ရိုက်ရန် ရည်ရွယ်၍ ဦးတည်ထားသော သဒ္ဒါလေး လက်ကောက်ဝတ်အစုံကို ဖမ်းဆုပ်ထားရင်း ခပ်တိုးတိုး ရယ်မောနေတဲ့ မာနကြီးကြိး ဘဝင်မြင့်မြင့် အဲဒီကောင်လေး ကို မှောင်ပြပြ မီးရောင် အောက်ကနေ သဒ္ဒါခိုးကြည့်မိရင်း။

"ချစ်တယ် သဒ္ဒါရယ်......"

လို့ သဒ္ဒါကြားရုံမျှ သာ လေသံတိုးတိုးလေး သဒ္ဒါရဲ့နားနားကပ်ပြိး ပြောလိုက်တာကို သဒ္ဒါက မသိချင်ယောင်ဆောင်ပြိး

"ဘာပြောတာလဲ သော်က....."

လို့ ခပ်ပေပေ ပြန်မေးတော့

"အန်တီ သက်ထားက လိုက်သွားဆိုလို့ နင်အဖော် ရအောင် လိုက်လာပေးတာလေ....."

လို့ ခပ်တည်တည်ဆိုပြိး သဒ္ဒါရဲ့ လက်အစုံကို မေ့ချင်ယောင်ဆောင်ပြိး ပြန်မလွတ်ပဲ ရူတည်တည် မျက်နှာပေးနဲ့ သော်က ကိုကြည့်ရင်း သဒ္ဒါ လည်း ကြည်နူးမိစွာ သော်ကရဲ့ ပုခုံးထပ်မှာ ပြန်လည် မှီခိုနေမိရင်း....။ ချစ်ပါတယ် လို့ပြောဖို့တောင် အဲလောက် တွန့်တို မာနကြိးနေရလား သော်ကရယ်.....လို့သာ။

##############
#######
###

Written By Angelhlaing 
Monday,July 9, 2012
8;39 pm( Austria)

19 comments:

အင်း----သော်က ဆိုတဲ့သူကလဲမာနကြီးလိုက်တာဟယ်
ချစ်နေတဲ့သူကိုချစ်တယ်ပြောဖို့တွန့်တိုလေလိုက်တာ
နောက်ဆုံးတော့လဲ ကြည်နူးစရာလေးပေါ့
ချစ်တဲ့သူတိုင်းညားကြပါစေ
ညားတဲ့သူတိုင်းလဲချစ်ကြပါစေ

ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်သိမ်းလေးကလဲ လှတယ်။

ဇတ်လမ်းလေးကကောင်းပါတယ်....အားပေးနေမှာပါ...မလှိုင်း....

စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေး ဖတ်သွားတယ် ညီမရေ

ချစ်တဲ့
ရွှေစင်ဦး

ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖတ်လိုက်ရတယ် ညီမလေးရေ။ မာနတို့ အတ္တတို့ဆိုတာ လူ့စိတ်လူ့ဘဝကြီးကို ဖျက်ဆီးစေတတ်ပြီး မထားကောင်းတဲ့ အရာတွေပေါ့။
ချစ်တဲ့
မမသဒ္ဓါ

ကွဲကြတော့မယ်ထင်နေတာ.....တော်သေးတာပေါ့ဗျာ...
ပျော်ရွင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားလို့....။

ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..။

ဝတ္ထုတွေ ဖတ်ပျင်းနေတာ ... ။ ဒီတစ်ပုဒ်ကိုတော့ .. အစ အဆုံး ဖတ်ကြည့်ဖြစ်ပါတယ် ။ ညီမ က အချစ် ၀တ္ထုစာရေးဆရာမလေး လုပ်လို့ ရနေပြီပဲ ကို ... ရေးထားတာ ဒိုင်ယာရီ ဆန်တယ် ။

သဒ္ဒါနဲ့ သော်က.. နှစ်ယောက်လုံး ကျွန်တော့်ကို ဆွဲခေါ်သွားတယ်.. အဆုံးအထိပေါ့။ အရေးအသား ကောင်းချက် :P

အချစ်လား ....ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်တယ်၊ ဒီလိုနဲ့ ...အချစ်အကြောင်းတွေ ဖတ်ဖို့ ဝေးနေတယ် :)

လှိုင်

မြတ် ရောက်လာခဲ့ပြီ။ လှိုင်ရေးထားတာလေးဖတ်ပြီး အချစ်ဝတ္တုရှည်လေးတစ်ပုဒ်လောက်ဖတ်ရင်း အိပ်ရာထဲ ကွေးနေချင်မိတယ်။ ခုတလော ဒီမှာ မိုးကလည်း ကောင်းပါဘိနဲ့။

ချစ်တဲ့
မြတ်

သဒ္ဒါ .............း)

အင်း........
ဖတ်နေရင်းနဲ့ ဝေးကြပြီ ထင်နေတာ
ထင်တဲ့အတိုင်းသာ တကယ်ဝေးကြရင် သိပ်ကိုရင်နာကြရမယ်ထင်တယ်နော်။


ယောင်္ကျားလေးတစ်ယောက်ရဲ့ မာန ကို ပီပီသသ လေးထုတ်ပြသွားနိုင်တယ်ဗျာ။

ဖတ်လိုက်ရတာ မောသွားတယ် ..
ကဗျာ ဖတ်ပြီးတော့
မပေါင်းတော့ဘူး ထင်နေတာ ..
တော်သေးတယ် ပေါင်းသွားလို့ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ပျော်ရွှင်မှုလေးတွေနဲ့ ဇာတ်သိမ်းတာမျိုးကို နှစ်သက်တယ် အိန်ဂျယ်ရေ။ မနက်ကပဲ ဓမ္မဘလော့မှာ သံဝေဂ ဇာတ်လမ်းလေးတစ်ပုဒ်ဖတ်ခဲ့ရတာလေး ပြန်ပြီး သတိရသွားတယ်း) စာအရေးအသားလေးတွေကောင်းပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဒါဆို.. ဟို သတ္တိဆိုတဲ့ သူတစ်ယောက်ကော ဘယ်ရောက်သွားလဲ။ သက်ထားမေနဲ့လဲ အဆင်ပြေမဲ့ပုံမပေါ်။း)
အဲဒီကောင်ကတော့ သေပြီဆရာဘဲ။း)))))))

ညီမလေးရေ-ကောင်းစေချင်တဲ့စိတ်နဲ့ပဲဝေဖန်ရဦးမယ်။စာရေးဆရာကြီးများဆိုခဲ့ဖူးတဲ့အဆိုတစ်ခုရှိတယ်။အစ်ကိုနာမည်မေ့နေလို့နော်။စာရေးတဲ့အခါသေနတ်တစ်လက်ကိုရှေ့ပိုင်းမှာထည့်ပြောထားရင်အဲဒီသေနတ်ဟာဇာတ်လမ်းရဲ့တစ်နေရာမှာပစ်ကိုပစ်ရမယ်တဲ့။ညီမလေးဇာတ်လမ်းမှာသတ္တိဟာဇာတ်ရံလား။သူဘယ်ရောက်သွားလဲ။ဘာဖြစ်သွားလဲ။အဲဒါတွေဖော်ပေးရမယ်။သူကသက်ထားမေနဲ့ပြန်တွေ့ပြီးအိုကေသွားလားဆိုတာမျိုးပေါ့။နောက်ပြီးဇာတ်ကောင်နာမည်တွေနဲ့စာတွေကိုအပိုဒ်လိုက်ဖော်ပြတာက၀တ္ထုတိုမှာလုပ်လေးမရှိဘူး။အဲဒါက၀တ္ထုရှည်မှာလုပ်တာ။ဇာတ်အိမ်တည်ထားတာလေးကလှပါတယ်။စာရေးပြီးရင်လည်းစာရေးသူဟာသူ့စာကိုအခေါက်ခေါက်ပြန်စစ်သင့်တယ်ညီမလေး။မပျင်းနဲ့။စာလုံးပေါင်းသတ်ပုံတွေမှားရင်စာဖတ်တဲ့သူရဲ့ရင်ထဲမှာပေါ့သွားရော။ ဇာတ်ကဘယ်လောက်ကောင်းပါတယ်ပြောပြော၊မကောင်းတော့ဘူး။ဒါကြောင့်အတတ်နိုင်ဆုံးပြန်သာစစ်။မလောနဲ့။ကိုယ့်ပို့စ်တင်တာနောက်ကျတာကပြဿနာမဟုတ်ဘူး။ဝတ္ထုတိုဖြစ်လို့တင်ပြီးတာနဲ့ဖတ်သူရင်မှာကျန်ခဲ့ရင်ကိုယ့်အမြတ်ပဲ။အဲဒါကိုဦးစားပေး။အပုဒ်ရေများတာမများတာကအဓိကမဟုတ်ဘူး။ ကြိုးစားပါညီမလေး။ အရေးအသားလည်းတော်တော်တက်နေပါပြီ။

ဟုတ်ကဲ့အကို..(အကိုဆူးသစ်) ကျေးဇူးပါလို့ အမှားလေးတွေ ထောက်ပြလို့... ပြင်ရမယ့်အချက်တွေ အများကြီး သိလာရတယ်အကို... ကျေးဇူးပါလို့.. ကြိုးစားပြိး ပြင်ပါ့မယ်လို့...:)

မပေါင်းတော့ဘူး ထင်နေတာ..ဇာတ်သိမ်းလေးကို ကြိုက်တယ်ကွယ်...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More