http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, December 28, 2012

2012 ရဲ့ ဖြတ်သန်းမှု သံစဉ်

 



 Black Rose (သို့) မမ ပစ်ပစ်ရဲ့ Tag Post လေးပါ ....။

တစ်ကယ်တော့ ၂၀၁၂ က အိန်ဂျယ်အတွက် တစ်ချို့ကိစ္စတွေမှာ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ အပြောင်းအလဲတွေလည်း ကြုံရတယ်။ စိတ်ညစ်စရာတွေလည်း ရှိခဲ့တယ်။ ရင့်ကျက်လာတယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပေါ်လာဖို့ အခိုက်အတန့် နာကျင်ခံစားရတာတွေ၊ ရုန်းကန်ကျော်ဖြတ် ရတဲ့ အခက်အခဲတွေက အဆင်သင့်ဆိုသလို ဘဝမှာ ရှိနေတက်တယ် မဟုတ်လား။ တစ်ခါတစ်လေ ကျရှုံးတာဆိုတာ ဖြစ်တက်ပါတယ်။ စိတ်ဓါတ်ရေးရာပဲဖြစ်ဖြစ်၊ ခံစားမှုပိုင်းမှာပဲ ဖြစ်ဖြစ် ၊ စီးပွားရေး ပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့လေ။ ဘယ်လို ကျရှုံးမှုတွေ အတွက်ပဲ ဖြစ်ဖြစ် ခေတ္တ ခဏပဲ ဖြစ်သင့်တယ် မဟုတ်လား။


လောကဓံ အလှည့်အပြောင်း ကံအရွေ့အပြောင်းတွေမှာ အပြောင်းလဲနဲ့ကြုံတိုင်း တစ်ခါတစ်ရံလည်း ဒီတောင်မှ ကျော်နိုင်ပါ့မလားလို့ စိတ်မောရင်မော ကြရတာ အိန်ဂျယ် တစ်ယောက်ထဲတော့ ဟုတ်မယ် မထင်ပါဘူး။ လဲကျရင် ပြန်ထနိုင်ဖို့အတွက် ကိုယ့်အား ကိုယ်ကိုးရင်း ဒီလိုနဲ့ ရင့်ကျက်လာမယ်လို့ မျှော်လင့်မိတယ်။ ၂၀၁၂ တစ်နှစ်လုံးကို ခြုံကြည့်ရင် စီးပွားရေးနဲ့ လူမှုေ၇းတွေမှာ ထင်သလောက် မဆိုးရွားခဲ့သလို တိုးတက်တယ်လို့ မဆိုသာပေမယ့် ချောင်ချောင်လည်လည် ရှိခဲ့ပါတယ်။ မျှော်လင့်ထားသလို ဖြစ်ဖို့က အချိန်နဲ့ ကြိုစားမှုတွေ အခိုက်အတန့်တော့ လိုအပ်နေအုံးမှာပါ။ အဲ့ဒီအတွက်လည်း ကြိုးစားပြင်ဆင်ဖြစ်တယ်။

ဘဝအတွက် သင်တန်းတစ်ချို့လည်း အလုပ်တစ်ဖက်နဲ့ တက်ဖြစ်ခဲ့တယ်။ ရယ်ဒီမိတ် အစားတွေ စားနေရင်းကမှ တစ်ခါတစ်ရံ ကိုယ်ပိုင် ဟင်းလျှာလေးတွေ ချက်နိုင်လာတာ ၂၀၁၂ ရဲ့ အမှတ်တရတွေပါပဲ။ အစားအသောက် ချေးမများတက်သလို (ချေးများလို့လည်း မရနိုင်တဲ့ ဘဝမို့) အဆင်ပြေသလို အစားအသောက်တွေကို စားဖြစ်တယ်။ ထူးထူးခြားခြားရယ်လို့တော့ ဘာမှ မရှိပါဘူး။ ရိုးရိုးသားသား ဝန်ခံရရင် အရင်ကနဲ့ မတူပဲ ငွေကို ခြိုးခြံချွေတာ တက်လာတယ်။ သူငယ်ချင်းတွေတောင် အံ့သြယူရတဲ့ အထိပါ။ အလှအပ မပြင်ဆင်တဲ့ အိန်ဂျယ်အတွက် ကိုယ်ပိုင် အသုံးစရိတ် ဆိုတာလည်း အတော်ကိုပဲ နည်းပါးပါတယ်။ ဘဝအတွက် ရှေ့ရေး နောက်ရေးတွေကြောင့် မမပစ်ပစ် ပြောသလို Bye Bye Austria  လုပ်နိုင်ဖို့ အများကြီး ကြိုးစားဖြစ်တယ်။

ကျန်းမာရေး ကြီးကြီးမားမား မဖြစ်ပေမယ့် သိပ်အကောင်း မဟုတ်တာကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် အားမရ ဖြစ်မိတယ်။ စိတ်မကျန်းမာတဲ့ အချိန် ခန္ဓာကိုယ်ကပါ တစ်ခါတစ်ရံ ဖောက်ပြန်တက်လို့ စိတ်လည်း ညစ်ရတဲ့ ၂၀၁၂ပါ။ အသက်တစ်နှစ် ကြီးလာပေမယ့် တစ်ကယ် မရင့်ကျက်ခဲ့ပါဘူး။ အရင်ကထက်တောင် မျက်ရည် ပိုလွယ်လာတယ်လို့ ထင်မိတယ်။ ထစ်ခနဲဆို မျက်ရည်ဝဲချင်လာတယ်။ ကိုယ့်ကိုကိုယ် ခံနိုင်ရည် ရှိမယ် ကြံခိုင်တယ်လို့ ထင်ထားခဲ့သမျှ အရာမထင်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမယ်။ ဒီနှစ်ထဲမှာ အရင်နှစ်ကထက်စာရင် စာရေးလည်း အရမ်းကျဲပါတယ်။ မအားတာနဲ့ စိတ်မပါရင် ပစ်ထားလိုက်နဲ့ ဘလော့ထဲလည်း အလည် မထွက်ဖြစ်သလောက် နည်းခဲ့တယ်။ အဲ့ဒီ အတွက်လည်း မောင်နှမ တစ်တွေကို အားနာမိတယ်။

အပြောင်းလဲတွေနဲ့ စိတ်ခံစားမှုတွေ ရှုပ်ထွေးမှု များလွန်းတဲ့ ၂၀၁၂ မှာပဲ နှစ်ကုန် ဒါမှမဟုတ် နှစ်သစ်မှာ အိန်ဂျယ်ရဲ့ ဝှက်ဖဲလေး တစ်ချပ်ကို ဖွင့်ဟ ချင်ပါသော်လည်း အချိန် မမှီတာကြောင့် မဖွင့်လိုက်ရဘူး...:):) အဲ့ဒီဝှက်ဖဲလေး တစ်ချပ်ကို ဇန်နဝါရီ ပထမအပတ်ထဲမှာ ဖွင့်ပြနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အိန်ဂျယ်ရဲ့ ဝှက်ဖဲလေးကို စောင့်မျှော် ကြပါအုံးလို့..:) ။

ပြီးတော့ ရှေ့ရေးကိုကြိုတွေးလို့ အိမ်မက်တစ်ခုကို ကြိုပြိး မက်ခွင့်ရမယ်ဆိုရင် ၂၀၁၄ ဒိဇင်ဘာကို လှမ်းမျှော်ပြီး မက်ထားတဲ့ အိမ်မက်လေးတွေလည်း ရှိနေတယ်။ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အိမ်မက်လှလှလေးအတွက် ခုကထဲက ပိုကြိုးစားဖြစ်တယ်။ အိမ်မက်လေးတွေ အကောင်အထည် ပေါ်လာဖို့ ကံ၊ ဥာဏ်၊ ဝရိယ သုံးပါးစလုံး မျှတ အဆင်ပြေဖို့လည်း  မျှော်လင့်မိတယ်။

ဒီနှစ်ထဲမှာ အိန်ဂျယ် အကြိုက်နှစ်သုံး စကားလေး တစ်ခွန်းကို ပြေပြချင်ပါတယ်။ အရင်နဲ့မတူ မျက်ရည်လွယ်နေတဲ့ ကိုယ်ကိုကိုယ့် အားမလို အားမရ ဖြစ်ရင်းကပဲ နှစ်သက်မိတဲ့ စကားစုလေးပါ။ ခံစားပေးကြည့်ပါဦးလို့.. :)  

"ရင့်ကျက်တယ်ဆိုတာ 
အသက်ကြိးသွားတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး...
ငိုချင်သည့်တိုင် အပြုံးနဲ့ ထိန်းထားနိုင်တာကိုပါ....တဲ့ "


အိန်ဂျယ် ကိုယ်တိုင်လည်း  ကြိုးစားနေဆဲမို့ပါ။ အားလုံးသော မောင်နှမများအားလုံး စိတ်ရော၊ ကိုယ်ပါ ရွင်လန်း ချမ်းမြေ့ပါစေလို့  ဆန္ဒပြုရင်း....

၂၀၁၂ အဆုံးမှာ ချစ်စရာ မောင်နှမများအားလုံး ပျော်ရွင်ကြည်နူး ချမ်းမြေ့စွာဖြင့် ၂၀၁၃ ကို ကြိုဆိုနိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း အားလုံးပဲ Happy New Year ပါလို့ ...

အားလုံးရဲ့ ..
ချစ်သော အိန်ဂျယ်လှိုင်








12 comments:

အဲဒီ ၀ှက်ဖဲလေးတစ်ချပ်က ဂျော်ကာ ဖြစ်နေလို့ကတော့ တစ်ခါထဲ ဒေါင်းပြီပေါ့။း)

အပျိုကြီးတွေ အပျိုမကြီးတကြီးတွေက လုပ်လာရင် မြှုပ်ကွက်တွေချည်းဘဲ။ ပြောပြောချင်ဘူး။ အချိန်ကို ဟိုဆွဲဒီဆွဲနဲ့။ ဒါကြောင့် အပျိုကြီးတွေ ဖြစ်နေတာ ရှိမယ်။ ဘယ့်နှယ် ပြောစရာရှိတာ တစ်ခါထဲ ပြောလိုက်တာ မဟုတ်ဘူး။ ဇန်န၀ါရီလဆန်းမှလေး ဘာလေးနဲ့။း))

ညီမရေ..
ဘာဘဲဖြစ်ဖြစ် ရင့်ကျက်လာတယ်ဆိုတာကတော့ အတော်လေး ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ သတိလဲထားဦးနော်။ ရင့်ကျက်လာတာနဲ့အမျှ ဟန်ဆောင်မှုတွေ များလာတတ်တယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

"ရင့်ကျက်တယ်ဆိုတာ အသက်ကြိးသွားတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး... ငိုချင်သည့်တိုင် အပြုံးနဲ့ ထိန်းထားနိုင်တာကိုပါ....တဲ့ " သိပ်မှန်တဲ့စကားလေးပါပဲ အိန်ဂျယ်ရေ။ စီးပွားရေး လူမှုရေး ကျန်းမာရေးကအစ ရင့်ကျက်လာတဲ့အိန်ဂျယ်ရေ ဓမ္မနဲ့ကျက်အောင် ချက်နိုင်ပါစေ..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အဲဒီဝှက်ဖဲကို စောင့်နေတယ်..
2014 ဆိုတော့ အမနဲ့တောင်
Date ချင်းတူနေသလိုလိုဘဲ..

ဂျက်ကတော့ ဒီနှစ်လုံးဝမကောင်းဘူးညလေးရေ
ဘ၀ဆိုတာဒီလိုပါပဲ
ကောင်းလိုက် မကောင်းလိုက်ပေါ့
စနေပြီး တနင်္ဂနွေ လေ....
အရင်ကတော့ ခဏခဏ မျက်ရည်ကျလွယ်တယ်
ခုတော့ အောင့်ထားလိုက်နိုင်သလိုပဲ
တင်းခံလို့ နဲနဲရလာတယ်
ဝှက်ဖဲကိုစောင့်မျော်နေသူ

အိမ်မက်ကလည်း ၂၀၁၄ မှအကောင်ထည်ပေါ်မှာနော် ဘာလည်းဆိုတာ သိချင်လိုက်တာ ခွိး) ပျော်ရွှင်ပါစေနော

နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ အမက ဆန္ဒပြုတယ်နော်...

ဝှက်ဖဲလေးဆိုတော့ ပစ်ပစ်ကြိုစုထားရတော့မှာလားဟင် .. ကြိုပြောနော် ..ထွက်ပြေးဖို့ .. အဲ ..ယောင်လို့ ကြိုစုမို့လို့ :P

ချစ်တဲ့ အမ
ထရီဆာ

အခက်အခဲတွေကပဲ ရင့်ကျက်စေခဲ့တာပေါ့..ဝှက်ဖဲလေးကို စောင့်နေတယ်နော်..မင်္ဂလာနှစ်သစ် ဖြစ်ပါစေ..

အိန်ဂျယ်ကြိုက်တဲ့ စကားလေးက တော်တော်ကို
တန်ဖိုးရှိတာပဲ..မိုးနတ်မှတ်သားသွားတယ်နော်
နှစ်သစ်မှာ အိန်ဂျယ်လဲပျော်ရွှင်ပါစေဆုတောင်းပေးရင်း
ဝှက်ဖဲလေးကိုလဲ မျှော်လင့်လျက်..
ခင်တဲ့...မိုးနတ်

နှစ်သစ်မှာ ပျော်ရွှင်ပါစေ မမ
ဝှက်ဖဲလေးကို စိတ်ဝင်စားသား ခိ

~ Kk ~

ညီမလေးရေ...
ကျန်းမာသော...
ပျော်ရွှင်ဖွယ်သော..
အောင်မြင်ဖွယ်သော...
ချမ်းမြေ့ဖွယ်သော...
နေ့ရက်များဖြင့် ၂၀၁၃ခုနှစ်မှာ ဆုံတွေ့ပါစေလို့...
ဆုမွန်တောင်းပေးလိုက်ပါတယ်..

စာတွေဖတ်ရင်းလာလည်ရင်း
အကောင်းဆုတွေတောင်းပေးခဲ့ပါတယ်။

MrCasino.com Casino Review - Dr.MCD
MrCasino.com is rated 4.2 out of 5 by our members and 40% of them 경주 출장마사지 said: 충주 출장마사지 "liked it". Casino has a great variety of table games 전라남도 출장안마 and live 김천 출장안마 dealers. Rating: 4 · ‎Review by drmcd 충주 출장안마

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More