http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် (Tag Post)

မမ သက်ဝေ Tag ပို့စ်လေးကြောင့် ကိုယ်တိုင် အရောက်နည်းခဲ့ပြီဖြစ်သော ဘလော့လေးမှာ ပြန်လည် ခြေချမိတယ်ဆိုရင်ပဲ ပိုင်ရှင်မဲ့နေသော အိမ်လေးကို သတိတရ အလည်ရောက်ရှိခဲ့တဲ့ မိတ်ဟောင်း၊ မိတ်ဆွေများရဲ့ နှုတ်ဆက်သံဟာ အိန်ဂျယ့်ကို ဘလော့ဂါတစ်ယောက် ဆိုတာကို အသိပေးလိုက်တဲ့ ခေါင်းလောင်း သံလေးများလိုပါပဲ။ မင်္ဂလာ ရှိသော ညချမ်း၊အချိန်ခါလေးမှာ ချစ်စွာသော မောင်နှများအားလုံး စိတ်ရော ကိုယ်ပါ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ပါစေလို့ ဆန္ဒပြုရင်း ဘလော့လောကကို ပြန်လည် ခြေချလိုက်ပရစေရှင်။


တဂ်ပို့စ်လေးရဲ့ ခေါင်းစဉ်က " အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန်" လို့ ဆိုတာကြောင့် နောက်တစ်ရက် မကူးခင်ပဲ မရှိမဲ့ရှိမဲ့ တစ်အိတ်တည်းသော အိန်ဂျယ့်ရဲ့ အိတ်လေးကို မှောက်ချ သွန်ချလိုက်ပါတော့တယ်။ မကြီးလွန်း၊ အသေးလွန်းသော အလယ်လတ်စား အိတ်တွေကိုမှ နှစ်သက် သဘောကျတတ်တဲ့ အိန်ဂျယ့်အတွက်တော့ အိတ်ထဲမှာ သိပ်အများကြီး မရှိတာသိရတဲ့အခါ အနည်းငယ်ပင် အားငယ် သွားသယောင်ယောင်ပါပဲ။ ကိုယ့်အစ်မတွေ ရေးထားတဲ့ သူတို့ရဲ့ အသီးသီးသော အိတ်တွေဟာ အမယ်မျိုးစုံနဲ့ စုံလင်နေတာမို့ အားငယ်မိတာတော့အမှန်:) ။

အိတ်အလေးကြီးကို သယ်ရမှာ မနှစ်သက်သူပီပီ လိုအပ်မယ်ထင်တာတွေသာ ယူဆောင်သွားတတ်သော အိန်ဂျယ်အကျင့်ကြောင့်လည်း ဖြစ်မယ် ထင်ပါတယ်။ နောက်တစ်ခုက အိတ်ရဲ့ ဝင်ဆံ့သလောက် ပမာဏ ဆိုတာထက် အရမ်းကြီး တင်းကျပ်ပြည့်တင်းနေတဲ့ အိတ်မျိုး မဖြစ်အောင် အိတ်ရဲ့ သုံးဆတစ်ဆ လောက်သာ ချိန်ဆထည့်တတ်သော အကျင့်ကြောင့် ရော့တိ၊ရော့ယဲ ဖြစ်နေသော အိတ်လေးထဲက အနည်းငယ်သော ပစ္စည်းလေးများသာ အပြင်သို့ ခုန်ပေါက် ထွက်ကျလာတော့တယ်။

၁။ အထူ တစ်လက္မခန့်မျှရှိမည်ဖြစ်သော မိန်းမကိုင် ခေါက်သရေ ပိုက်ဆံအိတ်တစ်ခု (အဲ့ဒီထဲမှာတော့  ဘယ်သွားသွား အရေးဟယ် အကြောင်းဟယ်ဆို မရှိမဖြစ် အရေးပါတဲ့ အာမခံကဒ်၊ ဗီဇာကဒ်၊ ကျန်းမာရေးကဒ်၊ ကားလိုင်စင် ၊ပြည်တွင်းပြည်ပသုံး Visa Card နဲ့ Credit Card တစ်ခုစီ၊ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး နိုင်ငံတကာက အသိမိတ်ဆွေတွေရဲ့ လိပ်စာကဒ်တွေနဲ့ အမျိုးရင်းကြိးတွေရဲ့ လိပ်စာကဒ်များကလည်း ထိုအိတ်သေးထဲမှာပင် အသီးသီး နေရာတကျ ရှိလို့နေပြန်တယ်တယ်) ကဒ်နဲ့ အသုံးများတာကြောင့် အိတ်ထဲမှာတော့ ငွေများများစားစားရယ်လို့ မပါ..:) တော်ကြာ လမ်းမှာ ရီုက်လုခံနေရမှာ စိုးလို့ ..:P

၂။ အကြွေစေ့ထည့်သော အိတ်သေး တစ်လုံး (မကြာခဏ ပြည့်ပြည့်လာတတ်သော အကြွေစေ့အိတ်လေးဟာ အတော်လေး လေးလှတယ်။ ဒါကြောင့်လည်း အိတ်ထဲ အကြွေစေ့များလာရင် အိတ်က သိသိသာသာ လေးလာတတ်တာမို့ အကြွေစေ့တေ၊ွကို အိမ်မှာ ထားခဲ့ဖို့တော့ တစ်ရက်က နှစ်ရက် ပိုမမေ့တတ်ဘူး။ ချစ်စရာကောင်းလေစွ... ကဲ..ဘယ်မှာတုန်း သူများတွေလို သုံးကီလိုလောက် လေးတဲ့အိတ် ဘယ်ဖြစ်နိုင့်ပါ့မလဲလေ.. :D ) မထားခဲ့ပဲလည်း အဲ့ဒီအကြွေစေ့တွေနဲ့ ဈေးဝယ်ဖြစ်လားဆို ဟင့်အင်းလို့ ငြင်းရမှာပင်။ ဘာရယ်မှန်းမသိ ကိုယ့်ပိုက်ဆံနှင့်ကိုယ် အကြွေနဲ့ ဈေးဝယ်ရတာကို ရှက်သလိုလို ခံစားရလို့ပဲ ဖြစ်တယ်။ ဒါကလည်း ကိုယ်က မြန်မာပြည်က လာတာကိုးနော် :) ကိုယ့်ဆီမှာ မှ အဲ့လိုအကြွေတွေ မသုံးတာဆိုတော့ အဲ့ဒီ ခံစားမှုကို ဒီဘက်ကလူတွေ နားလည်မယ် မထင်ပါဘူးလေ.. :P နောက်မှ အကြွေတွေစုပြိး ဘဏ်မှာ သွားလဲ .. ပြိးမှ ပြန်သုံး ဘယ်လောက် အဆင်ပြေလိုက်သလဲနော် .. :D

၃။ သော့ချောင်းတွေ ခုနှစ်ချောင်းစီလောက် ပါသော သော့တွဲနှစ်ခုနဲ့  မြှားနတ်မောင် စတီးကီးချိန်းမှာ ချိတ်ထားတဲ့ ကားသော့တစ်ခု (သော့တွဲ နှစ်တွဲလုံးက အလုပ်က သော့တွဲတွေပါ၊ အလုပ်ရဲ့ ဂိတ်ပေါက် တံခါးကအစ စတိုခန်း သော့တွေပါပါတဲ့ အတွဲတစ်တွဲရယ် ကိုယ့် ရုံးခန်းက သော့တွဲတွေရယ်က တစ်တွဲ၊ အားလုံးသော သော့တွေကို အလှည့်ကျ ထိန်းသိမ်းကြရတာမို့ အသက်နဲ့ ကာကွယ်ရတဲ့ ပစ္စည်းများလို့တောင် ဆိုရမလို.. :P ၊ ကံကောင်းတာက ကိုယ့်မှာ အိမ်သော့ရယ်လို့ သော့ဆောင်စရာ မလိုတဲ့အတွက် သယ်စရာ တစ်ခု ပေါ့ပါးနေပြန်တယ် ..)

၎။ သူများတွေလို အိုင်ပတ်လည်း မကိုင်နိုင်၊တဂ်စခရင်တွေလည်း မသုံးနိုင်တဲ့ သူမို့ ရိုးရိုး Sony Ericsson ဖုန်းလေးတစ်လုံး၊ ( အိန်ဂျယ်ရေ ဗိုက်ဗာရှိလား ? တန်ဂို သုံးကြမယ်လေ.. လို့ ဖိတ်ခေါ်တဲ့ မောင်နှမတွေကို အားနာနာနဲ့ပဲ အိန်ဂျယ့်မှာ မရှိဘူးရယ်..လို့ ရှင်းပြရတာ သူများတော့ မသိဘူး ကိုယ့်ကိုကိုယ်တော့ တော်တော်လေးတောင် သနားသွားမိတယ် .. ဆင်းရဲတဲ့ ဘဝများ မကိုင်နိုင်ရှာဘူးလေ...အဲ့ဒါကြောင့်ပဲ  နောက်တစ်ခါ လာမေးတဲ့ သူတွေကို ဝယ်ပေးဖို့ ပူဆာမယ်လို့ စိတ်ကူးထားတယ် ဒါပဲ...:P :D :)  )

၅။ တစ်ထွာ နီးနီးလောက် ရှိမည် ဖြစ်သော ဘီးတစ်ချောင်း

၆။ Labello (spf 15 ပါတဲ့  နှုတ်ခမ်းဆိုးဆေး အဆီ) တစ်ဗူး

၇။ ရူဆေးဗူး တစ်ဗူး (မူးတယ်မောတယ်လည်း မဟုတ်ပေမယ့် ဘာရယ်လို့ရယ်မဟုတ် ဆောင်ထားဖြစ်သော အရာ)

၈။ ပန်းဝတ်မှုန် အလာ့ဂျီတစ်မျိုး ကြောင့် တစ်နှစ်ပတ်လုံး လှည့်ပတ်သုံးစွဲရသော Similasan  တံဆိပ် ( ငုံဆေး၊ သောက်ဆေး၊ အရည်) အနည်းဆုံး နှစ်မျိုးလောက်က အိတ်ထဲမှာ အသင့်ဆောင်ထားရ တာမို့ ငုံဆေးပြားနဲ့ သောက်ဆေးကဒ်  ဆယ်လုံးပါကဒ် နှစ်ကဒ်

၉။ ဘောပန် သုံးချောင်း( အနက်၊အနီ၊ အပြာ)

၁၀။ လက်ပတ်နာရီ တစ်လုံး (လက်မှာ ပတ်ရန် အမြဲမေ့နေတတ် သောကြောင့် လက်တွင်မရှိပဲ အိတ်ထဲတွင်သာ နေနေရရှာသူ ....လေး :P)

၁၁။  တစ်ရူးထုပ် တစ်ထုပ်။

၁၂။ ဖတ်လက်စ စာအုပ်တစ်အုပ် (ဆရာမ ခင်ခင်ထူးရဲ့ သုံးလွန်းတင်  ) 



ကဲ..တွေ့လား မပြောဘူးလားလို့ အိတ်ထဲမှာ ဘာမှ မရှိပါဘူးဆို ;) :P :D :)

အမှတ်တရ ရေးဖြစ်အောင် တဂ်ပေးတဲ့  မမသက်ဝေနှင့် အတူ အားလုံးသော အိန်ဂျယ်ရဲ့ ချစ်စရာ့ မောင်နှမများ အားလုံး မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်ကြပါစေရှင်။

လေးစားစွာဖြင့်

အိန်ဂျယ်လှိုင်

7:10 PM (Austria)
Tuesday, August 27, 2013

17 comments:

အိပ်ထဲမှာထွေလီကာလီ ရှိတဲ့စာရင်းလေးကိုကျမ်းပြုဖို့ရောက်လာသူပါရှင်.........

12ခုချင်းတူတယ်ညီမလေး :)

အိန်ဂျယ်အိတ်အကြီးကြီးလွယ်တာ ရန်ကုန်ရောက်တုန်းက သတိထားမိတယ်...။
များသောအားဖြင့် ပါတဲ့ပစ္စည်းက မိန်းကလေးတိုင်း မဖြစ်မနေထည့်ကျတာတွေများတယ်နော်...။
Tag Post လေး ဖတ်ရတာ ပျော်စရာ...။

ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အိတ်ကလေးပါပဲ... အမှတ်တရ Tag post လေးကို ရေးပေးတဲ့ ညီမလေးကို ကျေးဇူးတင်တယ်နော်... (အကြွေးမပေးရသေးတာကို မသိချင်ယောင်လေး ခဏ ဆောင်ပြီး ကော်မန့်လာရေးသွားတယ်... ခိခိခိ)

အိတ်ကလေး လာကြည့်သွားး :D

ဟောဗျာ ဘာမှမရှိတဲ့ အိတ်လေးကတော်တော်စုံလင်တာပဲမမရေ။

ဘာမှမရှိဘူးသာပြောတယ် ဆယ်နှစ်မျိုးကြီးများတောင်း) ဘလော့ထဲပြန်ဝင်လာလို့ ၀မ်းသာမိရဲ့

အကြွေနဲ့ ဈေးဝယ်ရတာကို ရှက်သလိုလို ခံစားရတယ် ဆိုလို့ သဘောကျသွားတယ် ညီမရေ..၊ ကျနော်ကတော့ ပေးစရာ အကြွေလုံလုံလောက်လောက် ရှိပြီဆိုတာနဲ့ ပေးတော့တာပဲ၊ အိတ်ထဲမှာ လေးလို့...၊းD

စနစ်တကျနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ဦးစားပေး ထည့်ထားတဲ့ ညီမရဲ့ အိတ်ကလေးအကြောင်း ဖတ်ရတာ စိတ်ဝင်တစားနဲ့ ပျော်ဖို့ကောင်းတယ်...။

အိတ်ကြီးက ဖောင်းနေတာပဲး) ပိုက်ဆံတွေ များကြီးနေမယ် မလျှိုထားနဲ့ နည်းနည်းလောက်ချေးပါ ။

တကယ့်ကို အိတ်သွန်ဖာမှောက်ပါပဲလား...း)

စိတ်ကူးလေး ကောင်းတယ်ဗျာ ... Tag Post တွေ အားလုံး ကို လိုက်ဖတ်ဦးမယ်ဗျာ ... :)

အကြွေစေ့တွေ စုဗျူးနဲ့စုထား
သတိရလို့ဖောက်ကြည့်ရင် ရာကျော်ရတတ်တယ်... အဟဲ

ဘာမှမပါဘူး ထင်ရပေမဲ့ ပါသင့်သလောက်တော့ ပါရမှာပေါ့နော်။ ( ပစ္စည်းကိုပြောတာပါ )

လိုအပ်တာတွေ အစုံပါတယ့် အိတ်ကလေး..း)

အိတ်ထဲမှာ ဘာမှ မရှိဘူးသာပြောတယ်
များကြီးဘဲ ရှိတယ်...
12 ခုကြီးများတောင်... :)

အိတ်ကလေးတွေထဲက ထွက်ပေါ်လာတဲ့ လူ့အသုံးတွင်တွေ ၊ အသုံးဝင်တွေဟာ စိတ်ဝင်စားစရာပါ ...

အိတ်ကလေးတွေထဲက ထွက်ပေါ်လာတဲ့ လူ့အသုံးတွင်တွေ ၊ အသုံးဝင်တွေဟာ စိတ်ဝင်စားစရာပါ ...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More